Latest News

Monday, August 6, 2018

အဂူရို၏ သွင်းဂိုးနှစ်ဂိုးဖြင့် ချယ်လ်ဆီးကို အနိုင်ရပြီးမန်စီးတီးအသင်း ကွန်မြူနတီဒိုင်း ဆွတ်ခူး

အဂူရို၏ သွင်းဂိုးနှစ်ဂိုးဖြင့် ချယ်လ်ဆီးကို အနိုင်ရပြီးမန်စီးတီးအသင်း ကွန်မြူနတီဒိုင်း ဆွတ်ခူး


ပရီမီယာလိဂ်ဖလားချန်ပီယံမန်စီးတီး အသင်းနှင့် အက်ဖ်အေဖလားချန်ပီယံ ချယ်လ် ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကွန်မြူ နတီဒိုင်းပွဲစဉ်တွင် မန်စီးတီးအသင်းက တိုက် စစ်မှူး အဂူရို၏ သွင်းဂိုးနှစ်ဂိုးဖြင့် ချယ်လ်ဆီး အသင်းကို အနိုင်ရရှိကာ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်ခဲ့သည်။

မန်စီးတီးအသင်းအတွက် သွင်းဂိုးနှစ်ဂိုး ကို တိုက်စစ်မှူး အဂူရိုက ပွဲကစားချိန် ၁၃ မိနစ်နှင့် ၅၈ မိနစ်တို့တွင် သွင်းယူပေးခဲ့ပြီး ချယ်လ်ဆီးအသင်းမှာ ချေပဂိုးရရှိရေးအကြိတ် အနယ်ကစားခဲ့သော်လည်း မန်စီးတီးအသင်း ကို နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ကွန်မြူ နတီဒိုင်းကို လက်လွှတ်ခဲ့ရသည်။

မန်စီးတီးအသင်းအတွက် အနိုင်ဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူးအဂူရိုမှာ လက်ရှိတွင် မန်စီးတီးအသင်းနှင့်အတူ သွင်းဂိုး ၂ဝဝ ပြည့်မြောက်သွားခဲ့ပြီလည်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ယခုကွန်မြူနတီ ဒိုင်းပွဲစဉ်တွင်     ရှုံးနိမ့်ခဲ့ရခြင်းကြောင့် နည်းပြသစ်ဆာရီအတွက်  ရာသီမစတင်မီ အရှုံးနှင့် စတင်ခဲ့ရခြင်းဖြစ်သည်။ မန်စီးတီး အသင်းမှာမူ ယခုပွဲတွင်   အနိုင်ရရှိခဲ့ခြင်း ကြောင့် ၂ဝ၁၈-၂ဝ၁၉ ဘောလုံးရာသီတွင် လည်း ပရီမီယာလိဂ်ဖလားကို ကာကွယ်နိုင် မည်ဆိုသည်နှင့် ပတ်သက်၍ သတင်းစကား ပါးလိုက်ခြင်းဟုပင် ဆိုရမည်ဖြစ်သည်။

လွန်ခဲ့သည့်ခြောက်နှစ်ဖြစ်သည့် ၂ဝ၁၂ ခုနှစ်ကလည်း မန်စီးတီးအသင်းနှင့် ချယ်လ် ဆီးအသင်းတို့သည် ကွန်မြူနတီဒိုင်းလုပွဲတွင် ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး မန်စီးတီးအသင်းက ချယ်လ်ဆီးအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင် ရရှိခဲ့ကာ မန်စီးတီးအသင်းက ကွန်မြူနတီဒိုင်း ကို ဆွတ်ခူးနိုင်ခဲ့သည့် မှတ်တမ်းလည်းရှိခဲ့ဖူး သည်။

ကွန်မြူနတီဒိုင်းကို မန်စီးတီးအသင်းသည် ငါးကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်း က ၂၁ ကြိမ်၊ အာဆင်နယ်အသင်းက ၁၅ ကြိမ်၊ လီဗာပူးအသင်းက ၁၅ ကြိမ်နှင့် အဲဗာ တန်အသင်းက ကိုးကြိမ်၊ စပါးအသင်းက ခုနစ် ကြိမ်အသီးသီးရရှိထားကြသည်။

ငွေကြယ်

No comments:

Post a Comment