Latest News

Thursday, August 9, 2018

ကလေးတွေအတွက် ထောက်ပံ့ကြေးမပေးဘူးလို့ ဘရက်ပစ် စွပ်စွဲခံရ

ကလေးတွေအတွက် ထောက်ပံ့ကြေးမပေးဘူးလို့ ဘရက်ပစ် စွပ်စွဲခံရ


ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီးတစ်ဦး ဖြစ်သူ အန်ဂျလီနာဂျိုလီက ပြီးခဲ့တဲ့ အင်္ဂါနေ့က တရားခွင်မှာတော့   သူနဲ့  တရားဝင်ကွာရှင်း ပြတ်စဲဖို့ရာ ဆောင်ရွက်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ ကလေး တွေအတွက်  ထောက်ပံ့ကြေးကို  ပေးဆောင် ဖို့ရာ ဘရက်ပစ်ဘက်က ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲခဲ့တယ်လို့   အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

လော့စ်အန်ဂျလိစ်မှာ    ပြုလုပ်ခဲ့တဲ့ တရားခွင်မှာတော့ အန်ဂျလီနာဂျိုလီဘက်က ပြီးခဲ့တဲ့ တစ်နှစ်ခွဲခန့်ကာလအတွင်း ဘရက်ပစ် ဟာ သူတို့နှစ်ဦးရဲ့ ကလေးခြောက်ယောက် အတွက်  ပုံမှန်ထောက်ပံ့မှုတွေ  မပြုခဲ့ဘူးလို့ စွပ်စွဲပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီလိုစွပ်စွဲ ခဲ့ပြီး   အန်ဂျလီနာဂျိုလီက  ကလေးတွေ စောင့်ရှောက်ခွင့်ကို ရလိုတာဖြစ်တယ်လို့လည်း သိရပါတယ်။

အသက်  ၄၃  နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ ၅၄ နှစ်အရွယ် မင်းသား ဘရက်ပစ်တို့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်အတွင်း ကွာရှင်းဖို့ စတင်လုပ်ဆောင်ခဲ့ကြ တာဖြစ်ပါတယ်။  နှစ်ဦးသား  လမ်းခွဲခဲ့ချိန်က စလို့ ကလေးတွေဟာ အန်ဂျလီနာဂျိုလီနဲ့အတူ နေထိုင်ခဲ့ကြတာဖြစ်ပြီး  ဘရက်ပစ်နဲ့လည်း တစ်ခါတလေ  တွေ့ဆုံမှုတွေ ရှိခဲ့ကြပါတယ်။ တရားဝင်ကွာရှင်းပြတ်စဲမှုတွေ လုပ်ဆောင်ခဲ့ ရာမှာတော့ အန်ဂျလီနာဂျိုလီရော ဘရက်ပစ် ကပါ  ရင်သွေးလေးတွေ စောင့်ရှောက်ခွင့်ကို  တရားခွင်မှာ အပြိုင်ကြိုးစားနေကြတာ ဖြစ်ပါ တယ်။ အန်ဂျလီနာဂျိုလီဘက်က ဘရက်ပစ် အပေါ်  ယခုလို  စွပ်စွဲမှုတွေ  ပြုခဲ့ပေမယ့် ဘရက်ပစ်ရဲ့   ပြောရေးဆိုခွင့်ရှိသူကတော့ မင်းသားဟာ  သူလုပ်ဆောင်ရမယ့်  တာဝန် တွေကို တစ်ခုမျှ ပျက်ကွက်ခဲ့တာမရှိဘူးလို့ ဆိုခဲ့ကြောင်းလည်း သိရပါတယ်။ အန်ဂျလီနာ ဂျိုလီကတော့ သူတို့ရဲ့ကွာရှင်းပြတ်စဲခြင်းနဲ့ ပတ်သက်တဲ့   ကိစ္စတွေကို  ယခုနှစ်ကုန်မှာ အပြီးသတ်ဆောင်ရွက်လိုတာ  ဖြစ်တယ်လို့ လည်း သိရပါတယ်။

အေးပြည့်

No comments:

Post a Comment