မယ်ဆိုင်ကူမှ ကယ်ဆယ်ခဲ့ရသည့် တာဝက်ဘောလုံးအသင်းနည်းပြနှင့် လူငယ်သုံးဦးအား ထိုင်းနိုင်ငံသားကတ်ပေးအပ်
မယ်ဆိုင် သြဂုတ် ၉
နိုင်ငံမဲ့ဖြစ်နေသည့် မယ်ဆိုင်ဂူအတွင်းမှ ကယ်ဆယ်ခဲ့ရသည့် တောဝက်ဘောလုံးအသင်း၏ နည်းပြဖြစ်သူနှင့် ဘောလုံးအသင်းမှ လူငယ်သုံးဦးအား ထိုင်းအာဏာပိုင်များက နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍ စိစစ်မှုများ ပြုလုပ်ခဲ့ပြီး သြဂုတ် ၈ ရက်က နိုင်ငံသားကတ်များကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
နည်းပြနှင့် ကလေးသုံးဦးမှာ နိုင်ငံမဲ့ဖြစ်နေရာ မယ်ဆိုင်ဂူအတွင်းမှ ကယ်ဆယ်ခဲ့ပြီးနောက် ဆေးကုသမှုခံယူခြင်းများအပါအဝင် အခြားအခွင့်အရေးများပေးအပ်ရာ၌ ကျန်နိုင်ငံသားကလေးကိုးဦးကဲ့သို့ နိုင်ငံသားအခွင့်အရေးများ အပြည့်အဝခံစားခွင့်ပေးအပ်ရန် အခက်အခဲများ ကြုံတွေ့ခဲ့သဖြင့် နည်းပြဖြစ်သူ အေကဖွန်း ကျန်ထဝုန်း(အိုက်ခ်) အသက် ၂၅ နှစ်၊ နိုင်င်ဖွန်ချိုင် ခမ်းလုံ အသက် ၁၆ နှစ်၊ ဒိတ်ချိုင်း အဒွန်း ဆမ်အွန် အသက် ၁၄ နှစ်နှင့် ဒိတ်ချိုင်း မုန်းခွန်း ဘွန်းပရမ့် အသက် ၁၃ နှစ်တို့သည် ထိုင်းနိုင်ငံတွင် မွေးဖွားကြောင်းအပါအဝင် နိုင်ငံသားဖြစ်ခွင့် အထောက်အထားပြည့်စုံနေခြင်းတို့ကြောင်း တာဝန်ရှိသူများက ၎င်းတို့၏ လက်ဝယ်သို့ နိုင်ငံသားကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)
Thursday, August 9, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment