Latest News

Wednesday, August 15, 2018

ငါးသိုင်းချောင်း ငဝန်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်ရှိ၊ သတိပေးချက်များ ထုတ်ပြန်

ငါးသိုင်းချောင်း ငဝန်မြစ်ရေ  စိုးရိမ်ရေမှတ်သို့ရောက်ရှိ၊   သတိပေးချက်များ  ထုတ်ပြန်

ငါးသိုင်းချောင်း သြဂုတ် ၁၅

ပုသိမ်ခရိုင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ရေသည် သြဂုတ်၁၅ ရက် နံနက် ၆ နာရီတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ ၁၁၆၁ စင်တီမီတာ စိုးရိမ်ရေမှတ်အထက် တစ်စင်တီမီတာတွင် ရောက်ရှိနေပြီး မြို့နယ်ဆည်/ရေဦးစီးဌာန ငဝန်ရေကာတာ၏ စိုးရိမ်ရေမှတ်မှာ ၂၇ ပေဖြစ်ပြီး ယနေ့နံနက်တွင် ၂၈ ဒသမ ၃ဝ ပေ ရေကာတာစိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိလျက်ရှိသည်။

ငါးသိုင်းချောင်းမြို့၌ ငဝန်ရေကာတာ ရေဘေးကာကွယ်မှု ဧရိယာအတွင်းရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၁ စုနှင့် ငဝန်မြစ်၏အနောက်ဘက်ကမ်း
ရေကာတာ၏ ရေဘေးကာကွယ်မှုဧရိယာပြင်ပ  ငဝန်မြစ်ကမ်းဘေး၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၇ စု စုစုပေါင်း ၃၈ အုပ်စုဖြင့်ဖွဲ့စည်းထားသည်။ မြစ်ကမ်းဘေးရပ်ကွက်ကျေးရွာအုပ်စုများတွင်လည်း လက်ရှိမြစ်ရေအခြေအနေ၌ ဒေသခံများပုံမှန်ဆက်သွယ် သွားလာလျက်ရှိနေပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ  ငဝန်ရေကာတာ၊ငါးသိုင်းချောင်းမြို့တွင်း ရေကာတာအပါအဝင် တာမိုင်စုစုပေါင်း၂၂ မိုင်၌ ယခုနှစ်မိုးရာသီကာလမတိုင်မီ ရေ ကာတာပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ အချိန်မီပြီးစီးခဲ့ရာ ရေကာတာကြံ့ခိုင်မှုအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိသည်။

ရေကာတာများ၌ သက်ဆိုင်ရာဆည်/ရေဌာနမှ ဌာနရေကင်းများဖွင့်လှစ်ခြင်း၊အရေးပေါ်ရေဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စုဆောင်း
ခြင်းနှင့် ရေကာတာပြင်/ထိန်းလုပ်ငန်းများ ပုံမှန်လုပ်ဆောင်လျက်ရှိပြီး သက်ဆိုင်ရာဌာနအသီးသီးမှ မြစ်ရေအခြေအနေသတိပေးချက်များကို ဒေသခံပြည်သူများသို့ အဆက်မပြတ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ပုံမှန်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။           

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment