Latest News

Wednesday, August 15, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် သြဂုတ် ၁၅

မောင်တောမြို့နယ်   နယ်မြေ (၂)အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ  ငါးရန့်ချောင်းကင်းစခန်းမှ  ဒုတိယ ရဲမှူးအောင်ကျော်ကျော် ဦးစီးသည့် တပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ  အမှတ် (၃၄)BGBတပ် Gorijonbuniya       ကင်းစခန်းမှ ဒုစခန်းမှူး  Naib  Subedar  Md. Sultan Ahmad ဦးစီးသည့် ၁၅ ဦးတို့ သည် သြဂုတ် ၁၄ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ မှ မွန်းတည့် ၁၂ နာရီ ထိ မိမိတို့ နိုင်ငံအသီးသီးအတွင်းရှိ  နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း  နယ် နိမိတ် မှတ်တိုင် (၄ဝ)မှ (၄၁)အထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်း ဆောင်ရွက်ခဲ့ကြသည်။

အလားတူ သြဂုတ် ၁၄ ရက် နံနက် ၁ဝ နာရီ ၁ဝ မိနစ်က မောင်တောမြို့
နယ်မြေ(၅)၊ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရုံးမှ ဒုတိယရဲမှူး ထွန်းထွန်း ဦးစီး သည့် တပ်ဖွဲ့ဝင်ရှစ်ဦးသည်   ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် နှစ်စင်းဖြင့် လည်းကောင်း၊   ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၂)နယ်ခြားစောင့်တပ်မှ   Naib Subedar Sha Alome ဦးစီး ၁၁ ဦးသည်   စက်တပ်ရေယာဉ် နှစ်စင်းဖြင့် လည်းကောင်း စံပါယ်ပင်ရင်းချောင်းဝ ထိပ် နတ်မြစ်အလယ်  နှစ်နိုင်ငံနယ်နိမိတ်အနီးဆုံရပ် ရေမိုင် ၁၁ ၌ တွေ့ဆုံ၍ နတ်မြစ်ကြောင်းအတိုင်း ညှိနှိုင်းကင်းလှည့်ခဲ့ရာ နံနက် ၁၁ နာရီတွင် ပြူးမ ချောင်း ချောင်းဝအနီး ရေမိုင် ၁၄ နှင့် ၁၅ ကြားသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။ 

ရဲပြန်ကြား

No comments:

Post a Comment