Latest News

Wednesday, August 15, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော် သြဂုတ် ၁၅

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လွတ် လပ်သော    စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ   သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့အား   ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင်     လက်ခံတွေ့ဆုံ သည်။

ဆွေးနွေး

ထိုသို့တွေ့ဆုံရာတွင် ကော်မရှင် အနေဖြင့်  ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များ၊ ကော်မရှင်၏ လုပ်ငန်း တာဝန်သတ်မှတ်ချက် အတည်ပြုရေး ကိစ္စ၊ ကော်မရှင်အား အထောက်အကူ ပြုမည့် အတွင်းရေးမှူးရုံးအဖွဲ့ ဖွဲ့စည်း ရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံရာသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊  အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

မြန်မာနိုင်ငံအစိုးရသည် ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအစီအစဉ်တစ်ရပ်အနေဖြင့်  လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂ဝ၁၈ ခုနှစ် ဇူလိုင် ၃ဝ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။                                                               

သတင်းစဉ်

No comments:

Post a Comment