Latest News

Tuesday, August 14, 2018

မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့်(၈၈)ငြိမ်း/ပွင့်မှ မမီးမီး သေဆုံး

မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့်(၈၈)ငြိမ်း/ပွင့်မှ မမီးမီး သေဆုံး

ကျောင်းကုန်း   သြဂုတ်   ၁၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် သစ်ဆိမ့်ကုန်းအုပ်စု မကျီးကုန်းကျေးရွာအနီးတွင် သြဂုတ် ၁၃ ရက် ညနေ ၅ နာရီခန့်က မော်တော် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ (၈၈)ငြိမ်း/ပွင့်မှ မမီးမီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်(၇၁/၇)နှင့် (၇၂/ဝ) ကြား မကျီးကုန်းကျေးရွာအနီးတွင် ပုသိမ်မှ ရန်ကုန်သို့ ယာဉ်မောင်း ဇော်ဝင်းမောင် (၄၇)နှစ် (၈၈)ငြိမ်း/ပွင့် ရုံးအဖွဲ့မှူး မောင်းနှင်ပြီး မသင်းသင်းအေး(ခ)မမီးမီး၊ မခက်ခက်၊ ကိုစိုးလှိုင်ဦးတို့ လိုက်ပါလာသောYGN 4K/---   အဖြူရောင် မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ ထိုးကျ တိမ်းမှောက်ကာ ကိုဇော်ဝင်းမောင်၊ မခက်ခက်နှင့် ကိုစိုးလှိုင်ဦးတို့တွင် ဒဏ်ရာ မရရှိဘဲ  မသင်းသင်းအေး(ခ)မမီးမီးမှာ  ဝဲဘက်လက်မောင်းကျိုး၊  ယာလက်ဖျံ ပေါက်ပြဲ၊  နား၊ နှာခေါင်းသွေးထွက် ဒဏ်ရာများ ရရှိသွားသဖြင့် ကျောင်းကုန်း ဆေးရုံသို့   ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသဖြင့် ကျောင်းကုန်း မြို့မရဲစခန်းက  အမှုဖွင့်အရေးယူ  ဆောင်ရွက်ထားကြောင်း  မြို့မရဲစခန်းမှ သိရသည်။                               

ဝင်းကြိုင်(ပြန်/ဆက်)

No comments:

Post a Comment