ချမ်းမြသာစည်မြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်
အမျိုးသမီးတစ်ဦးသေ၊ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ
နေပြည်တော် သြဂုတ် ၁၃
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း အနောက်ဘက်ခြမ်း ရွာလယ်လမ်းနှင့် နှင်းဆီလမ်းကြား တွင် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ် လမ်းသွယ် ၁ ရပ်ကွက် (၅၅ x ၅၆) လမ်းကြား၌ ''ကျော်ပုလင်း'' ကချင်ရိုးရာခေါင်ရည် ဆိုင် ဖွင့်လှစ်ရောင်းချနေသူ ဦးလီဆွမ် (ခ) ဇော်လင်း (၄ဝ)နှစ်နှင့် ၎င်း၏ဇနီး မဟော်လောက်ဖိန်(၄ဝ)နှစ်တို့ သည် မနော်ဟရီလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ၅၅ လမ်း အနောက်ဘက်ခြမ်း ရွာလယ်လမ်းနှင့် နှင်းဆီလမ်းကြား အရောက်၌ အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် ဝင်တိုက်ပြီး မဟော်လောက်ဖိန် လက်ထဲမှ လက်ကိုင်အိတ်ကို လုယူစဉ် ခင်ပွန်းဖြစ်သူ ဦးလီဆွမ်က ဆိုင်ကယ် ရပ်၍ ပြန်လည်လုယူသဖြင့် ပိုက်ဆံ အိတ်လုယူသူက ပစ္စတိုသေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ပြီး နောက်ဆုံး ကျည်ခွံမှာ ကန့်လန့်ခံနေသောကြောင့် သေနတ်ဆက်လက်ပစ်ခတ်၍ မရ သဖြင့် ဆက်လက်ပစ်ခတ်နိုင်မှု မရှိခဲ့ ကြောင်း။
ထိုသို့ ဖြစ်ပွားမှုကြောင့် မဟော် လောက်ဖိန်တွင် နဖူးကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်ရရှိ၍ နေရာတွင် သေဆုံးခဲ့ပြီး ဦးလီဆွမ်(ခ)ဇော်လင်း တွင် ဝဲရင်ဘတ်မှ ကျည်ဖောက်ဝင်ပြီး ယာချိုင်းအောက် ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး စိုးရိမ်ရ သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း။
သေနတ်ဖြင့်ပစ်ခတ်သူမှာ ထွက် ပြေးသွားသဖြင့် အနီးရှိ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ၅၃ လမ်းနှင့် မနော်ဟရီလမ်းထောင့် တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျောက်တလုံးကြီးမြို့ ကောင်ဝိန်း ရပ်ကွက်နေ ဦးဝေဖြိုး၏သား ခွန်ကောလား(ခ) မောင်မျိုးအား ဆိုင်ကယ်တစ်စီး၊ ပွိုင့် ၃၂ ပစ္စတို တစ်လက်၊ ယင်းကျည် ၂၂ တောင့်၊ ကျည်အိမ် နှစ်ခု၊ ကျည်ခွံ တစ်ခုတို့နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
ဖမ်းဆီးရမိသူအား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုဖွင့်လှစ်၍ ဆက်လက်စစ်ဆေး လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။
သတင်းစဉ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment