Wednesday, July 18, 2018
ငြိမ်းချမ်းရေး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေခြင်းကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အခက်တွေ့နိုင်ဖွယ်ရှိနေ
စစ်တပ်မှ လုံခြုံရေး နှင့်ဆိုင်သော ကိစ္စများကိုဆွေးနွေးရန် ပိတ်ပင်ခဲ့ခြင်းကြောင့် ကျင်းပပြီးစီး
သွားသော ငြိမ်းချမ်းရေး ညီလာခံကြီးသည် သိသိသာသာ တိုးတက်မှု မရှိပဲ အဆုံးသတ်သွား
ခဲ့ရပြန်ပါတယ်။
လုံးဝ တိုးတက်မှု မရှိသည်ကတော့ မဟုတ်ပေ။အမျိုးသမီးများ နို်င်ငံရေးတွင် ပါဝင်နိုင်မှု နှင့်
ပညာရေး ကျန်းမာရေး ကဏ္ဍများတွင် ဖြည့်စီးပေးနိုင်ရေး အပါအ၀င် အချက် ၁၄ ချက်ကိုမူ
သဘောတူညီမူ ရရှိခဲ့ကြပါတယ်။ ထို့ အတွက်ယခင် သဘောတူညီပြီးသား ၃၇ ချက်တွင်
ထပ်မံတိုးတက်မှု ရှိခဲ့သည်ဟု ဆိုရမှာတော့ဖြစ်ပါတယ်။
သို့သော် တိုင်းရင်းသား လူမျိုးများ အဓိက မျော်လင့်နေကြတဲ့ ၎င်းတို့ ဒေသများတွင် ငြိမ်းချမ်း
ရေး ရရှိနိုင်မှု အလားအလာများကတော့ ဝေးကွာနေဆဲပင် ဖြစ်ပါတယ်။
ဤသည်ကလည်း အဓိက ပြသာနာ ဖြစ်သည့်ပြည်နယ် အသီးသီးတွင် တိုင်းရင်းသားများ
ကိုယ်တိုင် ထိမ်းချုပ်နိုင်မည့် လွတ်လပ်သောလက်နက်ကိုင် တပ်ဖွဲ့ များ ဖွဲ့စည်းရေး ဆွေး
နွေးရန် စစ်တပ်က ကန့် ကွက်ထားသောကြောင့်လည်း ဖြစ်ပါတယ်။ စီးပွားရေး ပိုင်းတွင် ရရှိသော အခွန်ငွေများ ညီတူညီမျှ ခွဲဝေရေးကိုလည်း စစ်တပ်က ပါယ်ချခဲ့ပြန်ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က "အကျိုးမရှိသော ဆွေးနွေး
မှုများ" ဖြင့် ငြိမ်းချမ်းရေး ကို နှောင့်နှေးအောင်မလုပ်ကြရန် သတိပေးခဲ့ပြန်ပါတယ်။
ဂျုလိုင်လ ၉ ရက်နေ့ မှာ စစ်တပ် နဲ့ အပြစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်
နယ်ရှိ RCSS အဖွဲ့ တို့ လေးရက်ကြာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြန်ပါတယ်။ ထို့အတွက်
နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမူ များ ရှိခဲ့ပြီး လူရာပေါင်းများစွာ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြ
ရပါတယ်။
ထို့ အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေး အတွက် မျော်လင့်ချက်နဲ့ မဲပေးခဲ့ကြတဲ့
တိုင်းရင်းသား လူနည်းစုများ က ၎င်းတို့၏ အခြေအနေများ တိုးတက်မလာခဲ့ရသည့်အပြင်ပို၍ ဆိုးလာနေပြီဟု ယူဆလာနေကြပြီ ဖြစ်ပါ
တယ်။
ထို့အပြင် စီးပွားရေး တိုးတက်လာမူများက မြိုကြီးများတွင်သာ သိသာထင်ရှားလာနေသော်
လည်း တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာဒေသများကတော့ နောက်ကျကျန်နေရစ်တုန်ုးပဲ
ဖြစ်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်မြောက် မွေးနေ့တွင် တင်ခဲ့ကြသော ဆိုရှယ် မီဒီယာ များပေါ်ရှိ ပို့စ်များကို ဧရာဝတီ သတင်းဌာနမှ လေ့လာ စစ်တမ်းကောက်ယူခဲ့ရာတွင် ကချင် ပြည်နယ် နှင့် ရခိုင်ပြည်နယ် များမှ ပို့စ်များတွင် အဆိုးမြင် သဘော ထား များ အများဆုံး တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ထို့အပြင် လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်များ စိုက်ထူရေး စီမံချက်ကြောင့်လည်း တိုင်းရင်းသား လူနည်းစုများထံမှ မကျေမနပ် ဖြစ်မှုတွေ သာ တိုးတက် ဖြစ်ပေါ်လာခဲ့ရပြန်ပါတယ်။
ထို့အတွက် နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးရန်မျိုးသိမ်း က ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပါတီများ က ၎င်းတို့နယ်မြေများတွင် အနိုင်ရနိုင်လာစရာ ရှိနေပြီ်း လွှတ်တော်တွင် အင်အား ချိန်ခွင်လျှာ ညီမျှသွားနိုင်စရာ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။ စစ်တပ်အတွက်လည်း ၂၅% ဖယ်ထားရပြန်တာကြောင့် NLD အနေနဲ့ လွှတ်တော် အမတ်နေရာ အနည်းဆုံး သုံးပုံ နှစ်ပုံ ရရှိမှသာ လူများစု အစိုးရ ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။
စစ်တပ် နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်များကတော့ ရွေးကောက်ပွဲ နီးလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ ရာထူးမှ နှုတ်ထွက်ပြီး နိုင်ငံ အနှံ့ စည်းရုံးရေး ဆင်းကောင်း ဆင်းနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
လှစိုးဝေ
(Nikki Asian Review ပါ ယူရှီ နီတာ ရေးသားသော “Suu Kyi’s power at risk as Myanmar peace process stalls” ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)
ငြိမ်းချမ်းရေး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေခြင်းကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အခက်တွေ့နိုင်ဖွယ်ရှိနေ
Reviewed by timeayeyar
on
6:56 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment