Latest News

Thursday, July 19, 2018

ထိုင်းနိုင်ငံ မယ်ဆိုင်လိုဏ်ဂူမှ ကယ်ဆယ်ခဲ့သည့် လူငယ် ၁၃ ဦးတို့ သတင်းမီဒီယာများ၏ ကြိုတင်မေးခွန်းများ ဖြေကြားမှုပြုလုပ်

ထိုင်းနိုင်ငံ မယ်ဆိုင်လိုဏ်ဂူမှ ကယ်ဆယ်ခဲ့သည့် လူငယ် ၁၃ ဦးတို့ သတင်းမီဒီယာများ၏ ကြိုတင်မေးခွန်းများ ဖြေကြားမှုပြုလုပ်


မယ်ဆိုင်   ဇူလိုင်    ၁၈

ထိုင်းနိုင်ငံ   မယ်ဆိုင်လိုဏ်ဂူအတွင်းမှ ကယ်ဆယ်နိုင်ခဲ့သည့် တောဝက်ဘောလုံး အသင်း၏ လူငယ်ဘောလုံးကစားသမား ၁၂ ဦး၊ နည်းပြတစ်ဦးတို့နှင့်   တာဝန်ရှိသူ များ၏   သတင်းစာရှင်းလင်းပွဲကို      ဇူလိုင်  ၁၈  ရက်က    ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးရုံး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲတွင်  လူငယ် များ       ဘောလုံးကန်ပြနိုင်ရန်အတွက် စီစဉ်ထားရှိပြီး၊    ဆေးရုံမှဆင်းလာသည့်
လူငယ်များကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များ    ရှောင်ရှားနိုင်ရန်     ¤င်းတို့အား မေးမြန်းလိုသည့် မေးခွန်းများကို မီဒီယာ များက ဇူလိုင်  ၁၆ ရက်   ညနေပိုင်း ကတည်းက သက်ဆိုင်ရာများထံ ကြိုတင် ပေးပို့ထားရခြင်း ဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ထိုင်းနိုင်ငံမှ   မီဒီယာများအပါအဝင် နိုင်ငံ တကာမှ မီဒီယာ ၃ဝဝကျော် တက်ရောက် သတင်းယူခဲ့ကြောင်း သိရသည်။

ဖြိုးလေး(တာချီလိတ်)

No comments:

Post a Comment