Latest News

Wednesday, July 18, 2018

ငါပြောသလို ငါလုပ်တယ်

ငါပြောသလို ငါလုပ်တယ်


 ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချူ ပ် (ဖဆပလ) ဥက္ကဋ္ဌ ဗိုလ်ချူ ပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့  အလုံလမ်း ဘုရင်ခံအိမ်တော်သို့ သွားရောက်၍ အစိုးရအဖွဲ့အာဏာကို ဘုရင်ခံထံမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် ၁၀ နာရီခွဲသာသာတွင် ဗဟန်းမြို့နယ် တာဝါလိန်းလမ်းရှိ နေအိမ်သို့ ပြန်ရောက်သည်နှင့် ဗိုလ်ချူ ပ်သည် ဗိုလ်ထွန်းလှအား ခေါ်၍ အောက်ပါအတိုင်း ပြောခဲ့ပါသည်။

"ဟေ့ကောင်- ငါအခုပြောမယ့် စကားကို မင်းသေသေချာချာ မှတ်ထားစမ်း" ။

`သည်နေ့ကစပြီး ငါတို့ဟာ အစိုးရအဖွဲ့ အာဏာရလာပြီ။ သည်တော့ ငါတို့အခြေအနေက စောစောပိုင်းကလို မဟုတ်တော့ဘူး။ အဆောင်အယောင်တွေ၊ အခွင့်အရေးတွေ ရလာမယ်။ ဩဇာရှိလာမယ်။ မင်းကလည်း ငါ့တပည့်၊ ငါ့ `ပီအေ´ အနေနဲ့ ထိုက်သင့်သလောက် အခွင့်အရေးတွေ ရှိလာမယ်´ ။

`မင်း သတိထားဖို့က ရှေ့လျှောက် ငါတို့ဆီကို လူတွေချဉ်းကပ်လာလိမ့်မယ်။ အကူအညီ တောင်းလာမယ်၊ မတရားအခွင့်အရေးတွေ တောင်းလာမယ်´ ။

`မင်း မြဲမြဲမှတ်ထားဖို့က သည်နေ့ကစပြီး ဘယ်သူ့ကိုမှ မထိုက်မတန် မတရားအခွင့်အရေး မပေးရဘူး။ ငါ့ဆွေမျိုးတွေ၊ ငါ့မိန်းမတွေဘက်က ဆွေမျိုးတွေ၊ မင်းရဲ့ အပေါင်းအသင်းမိတ်ဆွေတွေ ဘယ်သူ့ကိုမှ မတရားအခွင့်အရေး မပေးရဘူး။ ဒါဟာ ငါ့ရဲ့သဘောထားပဲ၊ အားလုံးကိုပြောလိုက်´ ။

ဗိုလ်ချူ ပ်သည် အမြော်အမြင်ကြီးစွာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ မကြာမီ ဗိုလ်ချူ ပ်အိမ်သို့ အကူအညီတောင်းသူ၊ အခွင့်အရေးတောင်းသူ၊ ဘာကိစ္စကလေးဖြင့် ဆောင်ရွက်ပေးပါဟု ပြောလာသူတွေ နေ့စဉ်ရောက်ရှိလာပါတော့သည်။ ဗိုလ်ထွန်းလှကလည်း ဗိုလ်ချူ ပ်လမ်းညွှန်ပြောကြားခဲ့တဲ့အတိုင်း ပြောပြီး လူတွေကို တောင်းပန်ပြီး ပြန်လွှတ်ခဲ့ပါတယ်။

ဗိုလ်ချူ ပ်အောင်ဆန်းသည် ခံယူချက် ပြင်းထန်သူဖြစ်၍ သူသတ်မှတ်ထားသော သဘောထားအတိုင်း အလွန်တိကျစွာဖြင့် ဆောင်ရွက်သူဖြစ်ပါတယ်။ သူ၏ ဆွေမျိုးရင်းချာများကိုပင် ဩဇာအာဏာသုံးပြီး အကူအညီ မပေးခဲ့ပါ။ ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ငြင်းလွှတ်ခဲ့ပါပေသည်။

*ငါတို့ ဖခင်ကြီး ဗိုလ်ချူ ပ်အောင်ဆန်းသည်ကား `ငါ ပြောသလို ငါလုပ်တယ်´ ဟူသော စကားအတိုင်း ဆိုခဲစေ မြဲစေ၊ ရှာမှရှား အလွန်ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး* ပင် ဖြစ်ပါတော့သည်။

ကိုးကား - ဗိုလ်ထွန်းလှရေး ဆောင်းပါးတစ်ပုဒ်..
------------------------------------

မှတ်ချက် - တမင်သိအောင် တင်ပေးတာ ဖြစ်ပါတယ်။ အခုခေတ်ကာလမှာ NLD အစိုးရဖြစ်နေချိန်မှာ `ပေါင်းစား - ရိုက်စား - ဝါး လက်ခုပ်သံများ´ သိစေရန် ဖြစ်ပါတယ်။ ဒီထက်ရှင်းရှင်း ပြောရရင် နည်းပညာခေတ်ကာလတွင် Facebook ပေါ်ကနေ အကြောင်းအရာတွေ သတင်းတွေကို ဖော်ပြတဲ့ဖြစ်စဉ်တွေမှာပါ `မျက်နှာလိုမျက်နှာရလုပ်ပြီး အလွန်အကျွံ ဖါးနေသူများ သိစေရန်´ ကို တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ (AK moe)

No comments:

Post a Comment