Latest News

Monday, July 30, 2018

Jazz Music ဖန်တီးနေသည့် အဆိုတော် အီတိုး

Jazz Music ဖန်တီးနေသည့် အဆိုတော် အီတိုး

တည်ငြိမ်သည့်အသက်အရွယ်ကို ရောက်ရှိလာပြီဖြစ်၍ ဂီတဖန်တီးရာတွင် Jazz Music ကို ဖန်တီးဖြစ်ကြောင်း အဆိုတော်အီတိုးက ပြောသည်။

''ကျွန်တော် အခု Jazz Music ကိုပဲ ဖန်တီးနေပါတယ်။ တည်ငြိမ်လာတဲ့ အသက်အရွယ်အရ  Jazz Musicတွေကို  ဖန်တီးဖြစ်ပါတယ်။ အခု ကျွန်တော်  နွိုက်စ်ကို အဓိကထား လုပ်ဖြစ်နေပါတယ်။ ကျွန်တော့်ရဲ့  အဓိကစေတနာက မြန်မာနိုင်ငံမှာ နွိုက်စ်ဂီတကို အပြောင်းအလဲဖြစ်စေချင်တယ်။   အကုန်လုံးလည်း မျက်စိပွင့်နားပွင့်ဖြစ်နေပြီ။   အဲဒီလိုအခြေအနေမှာ တခြားဂီတတွေလည်း အမျိုးမျိုးပြောင်းလဲနေမှာပါ။ ဟစ်ဟော့မှာလည်း အမျိုးအစားကွဲတဲ့ ဟစ်ဟော့တွေ ဂီတတွေလည်း ရှိပါတယ်။ လူတိုင်း လက်ခံနိုင်တဲ့ ဂီတအမျိုးအစားတွေကို  နေရာ ရစေချင်ပါတယ်။ ကျွန်တော် ဂီတဖျော်ဖြေပွဲတွေလည်း စီစဉ်ဖြစ်ပါတယ်။ အခုနောက်ပိုင်း ကိုယ်ပိုင်စတူဒီယိုရှိတော့ ကိုယ့်အဖွဲ့နဲ့ ကိုယ့်စိတ်ကြိုက် ဂီတတွေကို ဖန်တီးလို့ရတယ်'' ဟု  အီတိုးက ပြောသည်။

MWD

No comments:

Post a Comment