Latest News

Monday, July 30, 2018

အဓိကသရုပ်ဆောင် မင်းသမီးအဖြစ် ရိုက်ကူးရန် စဉ်းစားနေတဲ့သရုပ်ဆောင် ယွန်းယွန်း

အဓိကသရုပ်ဆောင် မင်းသမီးအဖြစ် ရိုက်ကူးရန်  စဉ်းစားနေတဲ့သရုပ်ဆောင် ယွန်းယွန်း

ကလေးသရုပ်ဆောင်အဖြစ် အောင်မြင်မှုရခဲ့ပြီး ဆယ်ကျော်သက်အရွယ် ရောက်လာသော်လည်း အသက်ငယ်နေသေးသောကြောင့် အဓိက သရုပ်ဆောင်နေရာမှ ရိုက်ကူးရန် သင့်၊ မသင့် စဉ်းစားနေကြောင်း သရုပ်ဆောင်အကယ်ဒမီ ယွန်းယွန်း ကပြောသည်။

''ညီမက အချိန်ယူသလိုဖြစ်နေတာ။   တချို့ကလည်း ညီမ ၁ဝ တန်းဖြေပြီးချိန် ဇာတ်ကားတွေပြန်ပြီး ရိုက်တော့မယ်လို့ ထင်နေကြတာ။ ညီမ Fan တွေဆိုရင်လည်း ဇာတ်ကားတွေပြန်ရိုက်စေချင်နေကြပြီ။ မင်းသမီးလုပ်လို့ရပြီလို့ ပြောနေကြသူတွေရှိသလို တချို့ကျတော့လည်း စောသေးတယ်၊ အသက် ၂ဝ ကျော်မှ  လုပ်သင့်တယ်။ အဲဒီအသက်အရွယ်က ပိုသင့်တော်တယ်လို့ ပြောကြတဲ့သူတွေလည်း ရှိတယ်။ ဒါကြောင့် ညီမလည်း စဉ်းစားနေတာပါ။ ဇာတ်ကားတွေ ပြန်ရိုက်ရင်တော့ ပရိသတ်တွေလည်း သဘောကျလောက်မယ့် ဇာတ်ကောင်မျိုးကိုပြန်ရိုက်ဖြစ်မှာပါ။ ဒါရိုက်တာဦးဝိုင်းကလည်း ညီမနဲ့သင့်တော်မယ့် ဇာတ်ကို ရှာနေတယ်လို့ ပြောပါတယ်။သူလည်း  ညီမနဲ့သင့်တော်တဲ့ ဇာတ်ရှိရင် ညီမကိုပြောမှာပါ။  ဦးဝိုင်းက အခုဆိုရင် သူ့ရှုတင်တွေကို လာကြည့်စေချင်တယ်။ အခုနောက်ပိုင်း သရုပ်ဆောင်အသစ်တွေ အများကြီးကို တင်ပေးနေတာဆိုတော့ သရုပ်ဆောင်အသစ်တွေကို တင်တာနဲ့ ပတ်သက်ပြီးလည်း  ညီမကို လေ့လာစေချင်တယ်ဆိုတဲ့ အတွက် သွားကြည့်ဖြစ်ပါတယ်'' ဟု သရုပ်ဆောင် ယွန်းယွန်း ကပြောသည်။

သရုပ်ဆောင်ယွန်းယွန်းအနေဖြင့် လက်ရှိတွင် ကြော်ငြာနှင့် ဇာတ်လမ်းတွဲများ  ရိုက်ကူးနေရပြီး ဇာတ်ကားများ ရိုက်ကူးခွင့်ရပါက ဇာတ်လမ်းနှင့် ဇာတ်ကောင်စရိုက်ကို ရွေးချယ်ရိုက်ကူးရန် စဉ်းစားထားကြောင်း သိရသည်။

MWD

No comments:

Post a Comment