Latest News

Tuesday, July 31, 2018

ပေကျင်းမြို့ရှိ ကားရပ်နားရာ နေရာတစ်ခု၌ ရဟတ်ယာဉ် တစ်စင်းပျက်ကျ

ပေကျင်းမြို့ရှိ ကားရပ်နားရာ နေရာတစ်ခု၌ ရဟတ်ယာဉ် တစ်စင်းပျက်ကျ

ပေကျင်း  ဇူလိုင်  ၃ဝ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ကားရပ်နားရာ နေရာတစ်ခု၌ ဇူလိုင် ၃ဝ ရက်တွင် အရပ် ဘက်ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှုဖြစ်ပွား ကြောင်း နိုင်ငံပိုင် Beijing Youth Daily သတင်းဌာနကပြောသည်။

အဆိုပါရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာ သည့်  လေယာဉ်မှူးသည် လေယာဉ်ကို လူ များစွာရှိသည့်နေရာမှ အဝေးသို့ မောင်းနှင် ရန်ကြိုးပမ်းခဲ့ပြီးနောက် ယခုကဲ့သို့ မတော် တဆမှုဖြစ်ပွားခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျမှုအတွင်း မြေပြင် ပေါ်ရှိ မည်သူမျှထိခိုက်ဒဏ်ရာမရသော်လည်း လေယာဉ်ပေါ်၌ လိုက်ပါလာသူ လေးဦးမှာ ဒဏ်ရာ အနည်းငယ် ရရှိကြောင်း ပေကျင်း ရဲတပ်ဖွဲ့က  တရုတ်လူမှုကွန်ရက် စာမျက်နှာ တစ်ခုတွင်ပြောသည်။

မတော်တဆမှုဖြစ်ပွားသည့် အဆိုပါ ရဟတ်ယာဉ်သည် ရိုင်းဝုစတား လေကြောင်း ကုမ္ပဏီပိုင် Bell 429 အမျိုး အစား ရဟတ် ယာဉ်တစ်စင်းဖြစ်ကြောင်း ထိုရဟတ်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီကပြောသည်။

ထို့ပြင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တရုတ်လေကြောင်း အာဏာပိုင်အဖွဲ့တို့ ပူးပေါင်း၍    ရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

MWD

No comments:

Post a Comment