မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေ၂၁ နှစ်အတွင်း စံချိန်တင် မြင့်တက်
မဒေါက် ဇူလိုင် ၃ဝ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့တွင် ရွှေကျင်မြို့နယ် မိုးလေဝသနှင့် ဇလဗေဒòန်ကြားမှုဦးစီးဌာန၏ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၃ ရက် ညကစပြီး ဆက်တိုက်မြင့်တက်လာကာ ဇူလိုင် ၂၈ ရက်တွင် ၁၂၈၂ စင်တီမီတာအထိ စံချိန်တင်မြင့်မားလျက်ရှိရာ ၁၉၉၇ ခုနှစ်က စံချိန်တင်မြင့်ခဲ့သည့် မြစ်ရေအမှတ်ထက် ၃၈ စင်တီမီတာ မြင့်တက် ခဲ့ပြီး ၂၁ နှစ်အတွင်း စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့သော အခြေအနေတွင် ညောင်လေးပင်မြို့နယ်အတွင်းရှိ ယာယီ ဖွင့်လှစ်ထားသည့်ရေဘေးကယ်ဆယ် ရေးစခန်း ၃၅ ခု၌ ရေဘေးသင့်မိဘ ပြည်သူလူဦးရေ ၁၂ဝဝဝ ကျော်အထိ ပြောင်းရွှေ့ထားရသည်။
ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိ နေသည့် ရေဘေးသင့်ဒေသခံပြည်သူများ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက တစ်ပတ်စာအတွက် တစ်ဦးလျှင် ငွေကျပ် ၂၁ဝဝ နှုန်းထောက်ပံ့ပေးထား သည့်အပြင် လူမှုရေးအသင်းအဖွဲ့များက လည်း အစားအသောက်များ လာရောက် လှူဒါန်းနေကြောင်း ရေဘေးရှောင် ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ရွှေကျင်မြို့နယ်တွင်လည်း ရွှေကျင်မြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားနေ သည့်အတွက် ရေဘေးကယ်ဆယ်ရေး စခန်းများသို့ လူဦးရေ ၂၆ဝ၇၃ တို့ကို ပြောင်းရွှေ့ထားပြီး စာသင်ကျောင်း ၅၉ ကျောင်းလည်း ယာယီပိတ်ထားလျက် ရှိကြောင်း သိရသည်။
အဆိုပါဒေသအနီးရှိ စစ်တောင်း မြစ်ရေသည် ၁၂၈၂ စင်တီမီတာ၊ ရွှေကျင် မြစ်ရေသည် ၈၈၆ စင်တီမီတာအမြင့်ဆုံး တက်ခဲ့ရာမှ ဇူလိုင် ၃ဝ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် ၁၂၅၂ စင်တီ မီတာသို့ ပြန်လည်ကျဆင်းလာပြီး ရွှေကျင်မြစ်ရေသည်လည်း ၇၈ဝ စင်တီ မီတာသို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။
ပိန်းဇလုပ်-သိန်းညွန့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment