Latest News

Tuesday, July 31, 2018

ငပုတောမြို့နယ်တွင် မြန်မာ့တောဆင်ရိုင်းများထိန်းသိမ်းရေး လုပ်ငန်းစွမ်းဆောင်ရည်မြင့်တင်သူ ဂုဏ် ပြု ဆုချီးမြင့်ပွဲကျင်းပ


သတင်း/ဓာတ်ပုံ =ရွှေရည်ဝင်း (တိုင်းဧရာ)

ပုသိမ် သြဂုတ် ၁ရက်၂၀၁၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ငပုတောမြို့နယ် တောင်ပိုင်းရပ်ကွက် မကင်လမ်း မိုးလုံလေလုံအားကစားခန်းမတွင် ဇူလိုင်လ၃၁ရက်နေ့ နံနက်ပိုင်းက မြန်မာ့တောဆင်ရိုင်းများထိန်းသိမ်းရေး လုပ်ငန်းစွမ်းဆောင်ရည်မြင့်တင်သူ ဂုဏ် ပြု ဆုချီးမြင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်

အဆိုပါအခမ်းအနားအား တောဆင်ရိုင်းများသတ်ဖြတ်ခံရမူ့တွင် တားဆီးထိန်းသိမ်းကာကွယ်ပေးခဲ့ကြသော ဌာနဆိုင်ရာ ပုဂ္ဂိုလ်များအုပ်ချူပ်ရေးမှူးများအား ဆုချီးမြင့်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားတွင်ဆုရရှိသူများအား တခြားသူများမှ စံနမူနာ ယူထိုက်စေလိုသော် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်

၎င်းအခမ်းအနားတွင် ငပုတောမြို့နယ်သစ်တောဦးစီဌာနမှပုဂ္ဂိုလ်များ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ  သစ်တောလုံခြုံရေးဝန်ထမ်းများ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ ငပုတောဒေသခံများ အခမ်းအနားတက်ရောက်သူ ၂၀၀ကျော်ခန့်တက်ရောက်လာခဲ့ကြပြီး တောဆင်ရိုင်းကာကွယ် ထိန်းသိမ်းသူများအား ဆု၁၈ဆုချီးမြင့်ခဲ့ကြသည်

ငပုတောမြို့နယ်တွင်း တောဆင်ရိုင်းများနှင့်ပက်သက်ပြီး သတ်ဖြတ်ရန် ကြံစည်နေသောတောမုဆိုးများ၏ ကြိုတင်လက်နက်များအားတွေ့ရှိပါက စိတ်ဓာတ်တက်ကြွ စွာ ဖမ်းဆီးမူ့များ ဆောင်ရွက်ခဲ့ခြင်း ဆင်များအားထိန်းသိမ်းခြင်းများပြုလုပ်ခဲ့ခြင်းကြောင့် အထူးဆုအနေနှင့် တောဆင်ရိုင်းကာကွယ် ရေးသူရဲကောင်းဆု အား ငပုတောမြို့နယ် တင်းချောင်းကျေးရွာ အုပ်ချူပ် ရေးမှူး ဦးကျော်မြင့်ထွန်း(ခ)ကိုထွန်းလေး မှ ရ ရှိခဲ့သည်

"ကျွန်တော် တို့က ဘိုးဘွားစဉ်ဆက်ဆင်နဲ့ စီးပွားရှာလာကြသူပါအုပ်ချူပ်ရေးမှူးမဖြစ်ခင်ကလည်း ဆင်ဦးစီးလုပ်ခဲ့ဖူးပါတယ် ဆင်တွေဆိုတာ တိုင်းပြည်ရဲ့ရတနာ ပဲ ဒါကြောင့် ထိန်းသိမ်းစောင့်ရှောက်ကပါမယ် ခုလို ဆုရဖို့မလွယ်ခဲ့ပါဘူးတစ်ခါတစ်လေအသက်နဲ့ရင်းခဲ့ရတာတွေတောင်ကြုံခဲ့ရတာပါဘာပဲဖြစ်ဖြစ်ပူးပေါင်းပေးတဲ့ပြည်သူတွေကအဓိကပါ ပြည်သူတွေကိုကျေးဇူးတင်ပါတယ် သူတို့သတင်းမပေးဘဲမသိနိုင်ဘူးလေ"ဟုငပုတောမြို့နယ် တင်းချောင်းကျေးရွာ အုပ်ချူပ် ရေးမှူး ဦးကျော်မြင့်ထွန်း(ခ)ကိုထွန်းလေး မှတိုင်းဧရာကိုပြောသည်

"တောဆင်ရိုင်းအမျာအပြားရှိကြတယ် သူတို့ကိုဖမ်းတဲ့မုဆိုးတွေကိုလည်း ဖမ်းဆီးဖူးပါတယ် သက်ဆိုင်ရာတရားရုံးကလည်း ပြစ်ဒဏ်ချမှတ်ပြီးပါပြီ   တောဆင်ရိုင်းတိရစ္ဆာန်ချစ်သူများအဖွဲ့လည်း တောဆင်ရိုင်းသတ်ဖြတ်မူ့ကာကွယ်တဲ့နေရာမှာ ပါဝင်ကူညီပေးခဲ့တာတွေလည်းရှိလို့ကျေးဇူးတင်ပါတယ်ယခုလို ဆုချီးမြင့်တဲ့အခမ်းအနားကျင်းပတာ ဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်"ဟု ငပုတောမြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချူပ်ရေးမှူးဦးကျော်ဆွေဝင်းမှ တိုင်းဧရာကိုပြောသည်

ယခုလိုတောဆင်ရိုင်းသေဆုံးမူ့မှာယခင်ထက်လျော့ နည်းခဲ့လို့ ပါဝင်ကူညီပေးခဲ့ကြသူများအား ကျေးဇူးတင်ရှိကြောင်း နှင့် ငပုတောမြို့နယ်အား တောဆင်ရိုင်းသတ်ဖြတ်မူ့ကင်းမဲ့နယ်မြေအဖြစ်သတ်မှတ်နိုင်ရန်အထူးကြိုးစားဆောင်ရွက်သွားအုန်းမှာဖြစ်ကြောင်း ဆင်များအားအဖွဲ့အစည်းတွေမှထိန်းသိမ်းဖို့အတွက်မဟုတ်ဘဲပြည်သူတွေအနေနဲ့လည်း ထိန်းသိမ်းပေးစေလိုကြောင်း  ၎င်းကပြောသည်

ပုသိမ်ခရိုင်အတွင်းပုသိမ် သာပေါင်း ငပုတော မြို့နယ်တို့၌ တောဆင်ရိုင်းများသတ်ဖြတ် ခံရပြီး ၂၀၁၆ခုနှစ်တွင် ၁၃ကောင် ၂၀၁၇ခုနှစ် တွင်၁၆ကောင် ယခုနှစ် မေလကုန်အထိ တောဆင်ရိုင်း၎ကောင် သတ်ဖြတ်ခံရသည် ဖြစ်ကြောင်း ငပုတောမြို့နယ်တွင် တောဆင်ရိုင်း သတ်ဖြတ်ခံရမူ့မှာ  ယခင်နှစ်ထက်လျော့နည်း ပြီး တောဆင်ရိုင်းသတ်ဖြတ်မူ့ကင်းစင် နယ်မြေ ထိဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်း ငပုတောမြို့နယ်တွင်  ယခုနှစ်မေလကုန်အထိ ဆင်တစ်ကောင် သာသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ငပုတောမြို့နယ် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးအောင်မှ တိုင်းဧရာ ကိုပြောပါသည်

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် တောဆင်ရိုင်းသေဆုံးမူ့ကောင်ရေမှာ ၂၀၁၄ခုနှစ်တွင်သာမာန်သေဆုံးကောင်ရေ ၂၅ကောင် သတ်ဖြတ်ခံရမူ့ကြောင့်သေဆုံးကောင်ရေ ၇ ကောင် ၂၀၁၅ခုနှစ်တွင်သာမာန်သေဆုံးကောင်ရေ ၁၅ကောင် သတ်ဖြတ်ခံရမူ့ကြောင့်သေဆုံးကောင်ရေ ၂၀ ၂၀၁၆ခုနှစ်တွင်သတ်ဖြတ်ခံရမူကြောင့်သေဆုံးကောင်ရေ ၁၈ကောင် ၂၀၁၇ခုနှစ်တွင် သာမာန်သေဆုံးကောင်ရေ ၁၃ကောင် သတ်ဖြတ်ခံရမူ့ကြောင့်သေဆုံးကောင်ရေ ၅၉ကောင် နှင့် ၂၀၁၈ခုနှစ် ဧပြီ နှင့်မေလအတွင်း သတ်ဖြတ်ခံရမူ့ကြောင့်သေဆုံးကောင်ရေ ၁၁ကောင်ရှိကြောင်းသတင်းရ ရှိပါသည်

No comments:

Post a Comment