Latest News

Tuesday, July 24, 2018

ရီးယဲလ်၏ ကမ်းလှမ်းမှုကို ဟာဇက် ငြင်းပယ်သင့်ဟု ညီဖြစ်သူ ကီလီယန် တိုက်တွန်းစကားဆို

ရီးယဲလ်၏ ကမ်းလှမ်းမှုကို ဟာဇက် ငြင်းပယ်သင့်ဟု ညီဖြစ်သူ ကီလီယန် တိုက်တွန်းစကားဆို

လန်ဒန် ဇူလိုင် ၂၃

သုံးနှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖလားရနိုင်ခဲ့သော ရီးယဲလ်အသင်းသည်   ချယ်လ်ဆီးအသင်းမှ တောင်ပံတိုက်စစ် ကစားသမား  အီဒင်ဟာဇက်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅ဝ ဖြင့်ခေါ်ယူရန် ကမ်းလှမ်းနေသည်ဆို သော သတင်းများ ထွက်ပေါ်နေရာ ၎င်း၏ ညီအငယ်ဆုံးဖြစ်သည့် ကီလီယန် ဟာဇက်ကိုယ်တိုင်က လူမှုကွန်ရက် စာမျက်နှာ ပေါ်တွင် တိုက်တွန်းစကားရေး သားသွားသည်။ ရီးယဲလ်အသင်းသည် အဓိက တိုက်စစ်မှူး စီရော်နယ်ဒို ကို ဂျူဗင်တပ်စ်အသင်းထံ ပေါင် သန်း ၁ဝဝကျော်ဖြင့် ရောင်းထုတ်ခဲ့ပြီးနောက် အစားထိုးရန်အသင့် တော်ဆုံးမှာ  အီဒင်ဟာဇက်ဖြစ်သည်ဟု ခံယူထား၍ နွေရာသီအပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ရီးယဲလ်သို့  ပြောင်းရွှေ့ဖွယ် ရှိနေသည်။ ကမ္ဘာ့ဖလားပွဲကာလတွင် ဟာဇက်က မိမိသည် ချယ်လ်ဆီးတွင် ခြောက်နှစ်နေခဲ့ပြီး ဖြစ်၍ ပြောင်းလဲချိန်တန်ပြီဟု ပြောထားသောကြောင့် ရီးယဲလ်သို့ ရောက်ရှိနိုင်ရန် ပိုမိုနီးစပ်နေသည်။

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်တွင် ဟန်ဂေရီကလပ် ယူဂျေပက်စ်မှ ချယ်လ်ဆီးသို့ ပြောင်းလာ ခဲ့သော  အသက် ၂၂ နှစ်အရွယ်ရှိ အီဒင်ဟာဇက်၏ညီအငယ်ဆုံး ကီလီယန်ဟာဇက်က ''ဘောလုံးအတွက် အကောင်းဆုံးဆိုရင် ရီးယဲလ်ကို ပြောင်းခြင်းက အကောင်းဆုံးလို့ မင်းထင်သလား အီဒင်ဟာဇက်''ဟု ရေးတင်ကာ ကြက်ခြေခတ်ပုံ  အီမိုဂျီသင်္ကေတ တင်ပြီးဖော်ပြခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းမှာ ကွင်းလယ် ကစားသမား ဝီလျံကိုလည်း  ယခုရက်ပိုင်းအတွင်း ဘာစီလိုနာမှ ပေါင် ၆၅ သန်းဖြင့် ကမ်းလှမ်းထားသည်။

MWD

No comments:

Post a Comment