Latest News

Thursday, July 19, 2018

စီရော်နယ်ဒိုကို မန်ယူသို့ ပြန်သွားစေချင် ဆိုသော သတင်း မိခင်ငြင်းဆို တရားဝင် ကမ်းလှမ်းသော အသင်းဆို၍ ဂျူဗင်တပ်စ်သာ ရှိဟု စီရော်နယ်ဒို ပြော

စီရော်နယ်ဒိုကို မန်ယူသို့ ပြန်သွားစေချင် ဆိုသော သတင်း မိခင်ငြင်းဆို တရားဝင် ကမ်းလှမ်းသော အသင်းဆို၍ ဂျူဗင်တပ်စ်သာ ရှိဟု စီရော်နယ်ဒို ပြော

တူရင် ဇူလိုင် ၁၈

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးယဲလ်မှ ထွက်ခွာပြီး ဂျူဗင်တပ်စ်သို့ ပြောင်းသွား ခဲ့သော်လည်း မိခင် ဖြစ်သူက မန်ယူအသင်းသို့ ပြန်လည် ပြောင်းရွှေ့ ကစားရန် ဆန္ဒ ရှိခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ရာ မိခင် ဖြစ်သူ ဒိုလိုရက်စ် အဗီရိုက ငြင်းဆို ခဲ့သည်။

စီရော်နယ်ဒို၏ ပုဂ္ဂလိက ဘဝနှင့် ဘောလုံးသမား ဘဝ တစ်လျှောက်လုံးကို မိခင်ဖြစ်သူ ဒိုလိုရက်စ် အဗီရို ဆန္ဒ အတိုင်းသာ လျှောက်လှမ်း ခြင်းကြောင့် ယခု ရီးယဲလ်မှ ထွက်ခွာရန် ဆုံးဖြတ်စဉ်တွင် ဒိုလိုရက်စ်က အောင်မြင် ဖြစ် ထွန်းရာ အသင်းဟောင်း မန်ယူသို့ ပြန်သွားရန် ဆန္ဒ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည်။

သို့သော် ဒိုလိုရက်စ်အဗီရိုက ''ကျွန်မက သားကို မန်ယူထံပြန်သွား စေချင်တယ် ဆိုတာ အလိမ်အညာ စကား တွေပါ။ ကျွန်မက သားရဲ့ ဆုံးဖြတ်ချက် အတွက် အရမ်း ပျော်ရွှင် ပါတယ်။ အားလုံးအတွက် ပျော်စရာ အကောင်း ဆုံး နေ့လေးပါ။ ကျွန်မသားက ဂျူဗင်တပ်စ် အသင်းကို ပိုပြီး အောင်မြင်ဖို့ ကြိုးစား ပါလိမ့်မယ်။ သားက ရီးယဲလ်မှာ ပျော်ရွှင်စရာ အချိန်တွေကို ဖြတ်သန်းနိုင်ခဲ့ပေမယ့် နောက်ထပ် စိန်ခေါ်မှု အသစ် ရင်ဆိုင်ဖို့ လိုနေလို့ ဘဝရဲ့ သင်ခန်းစာ သစ်အတွက် စိန်ခေါ်မှု အသစ်ကို ရင်ဆိုင် လိုက်တာပဲ ဖြစ်တယ်''ဟု ပြောသည်။

စီရော်နယ်ဒို ကလည်း မိမိကို တရားဝင် ကမ်းလှမ်းလာသည့် အသင်းမှာ ဂျူဗင်တပ်စ် တစ်သင်းသာ ရှိသည်ဟု ထုတ်ဖော် ပြောသည်။ အသက် ၃၃ နှစ်ရှိ စီရော်နယ်ဒိုသည် ရီးယဲလ်တွင် ကိုးနှစ်ကြာ ကစား ခဲ့ရာတွင် အောင်မြင်မှု များစွာ ရရှိပြီး ချန်ပီယံလိဂ် ဖလား လေးကြိမ်၊ ရွှေဘောလုံးဆု လေးကြိမ်ရရှိခဲ့ကာ အသင်း သမိုင်းကြောင်း တစ်လျှောက် ဂိုးအများဆုံး သွင်းနိုင်သူအဖြစ် ၄၃၈ပွဲတွင် ဂိုး ၄၅ဝ သွင်းပေး နိုင်ခဲ့သည်။

စီရော်နယ်ဒို သည် မန်ယူအသင်းတွင် ကစားခဲ့ရာတွင်လည်း ပရီးမီးယားလိဂ် ဖလားသုံးကြိမ်၊ ချန်ပီယံလိဂ် ဖလား တစ်ကြိမ် နှင့် ရွှေဘောလုံးဆု တစ်ကြိမ် ရယူ ပေးနိုင် ခဲ့ပြီးမှ ရီးယဲလ်သို့ ထိုစဉ်က ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် သန်း ၈ဝ ဖြင့် ပြောင်းရွှေ့ ခဲ့သူ ဖြစ်သည်။

MWD

No comments:

Post a Comment