Latest News

Saturday, July 21, 2018

စစ်အာဏာသိမ်းခြင်းကို လက်မခံပဲ ရာထူးမှ နှုတ်ထွက်ခဲ့တဲ့ တိုင်းမှုး


ခုဓါတ်ပုံထဲက ပုဂ္ဂိုလ်ကို သိကြပါသလား
လူတရာမှာ ၉၉ယောက်သိကြမယ်မထင်ပါဘူး ။
ဗမာ့တပ်မတော်ရဲ့ မြောက်ပိုင်းတိုင်းမှုး မြန်မာ့သားကောင်း (ဗမာ+အိုင်းရစ်ခ်ျ)တယောက်ဖြစ်တဲ့ ဗိုလ်မှူးချုပ် ဒေါက်ဂလပ်စ် အဲလ်ဘတ် ဘလိပ် ဖြစ်ပါတယ် ။
မဲခေါင် စစ်ဆင်ရေးရဲ့ ဗိသုကာနဲ့ လစ်ဘရေတာ စစ်ဆင်ရေးရဲ့ သူရဲကောင်း……
မြန်မာ့တပ်မတော်ကို ဗမာတွေချည်း တည်ထောင်ခဲ့တာ မဟုတ်ဘူး ဆိုတဲ့ နောက်ဆုံး သက်သေပါပဲ……
သမိုင်းကနေ ဖယ်ကျဉ်ခံထားရတဲ့ ပရော်ဖက်ရှင်နယ် တပ်မတော်ရဲ့ သမိုင်းပုံရိပ် တစ်ခုပေါ့……
အင်းစိန်တိုက်ပွဲမှာ အစွမ်းပြပီး ကရင်လက်အောက် မကျအောင် တိုက်ခဲ့တဲ့ တပ်မှူး တယောက်ဖြစ်ပါတယ်။
ကူမင်တန် တရုတ်ဖြူတွေကို နှိမ်နင်းခဲ့တဲ့ ဘုရင့်နောင် စစ်ဆင်ရေးမှာ ဗိုလ်မှူးချုပ်ကျော်ဇောကို စစ်ဆင်ရေး စီမံချက်တွေ ရေးဆွဲပေးခဲ့သူလို့ သိရပါတယ်။
လာမယ့် ၂၀၁၇ အောက်တို့ဘာ ၂၈ ဆို အသက် (၁၀၁) နှစ် ပြည့်ပြီး လက်ရှိ နယူးဇီလန်မှာ နေထိုင်လျက်ရှိပါတယ် ။
၁၉၅၈ စစ်အာဏာ ပထမ အကြိမ် သိမ်းတဲ့အခါ တောင်ပိုင်း တိုင်းမှူး ရာထူးကနေ ထွက်ပြီး BOC ကုမ္ပဏီမှာ ဝင်ရောက် လုပ်ကိုင် ခဲ့ပါတယ်။
သူပြောခဲ့တဲ့ စကားလေး ကလည်း မှတ်သားစရာပါ...

"အာဏာသိမ်းတဲ့တပ်မှာ စစ်ခေါင်းဆောင် လုပ်ရတာထက် အပြင်မှာ ကြုံရာကျပန်း လုပ်စားရတာ ပိုကောင်းပါတယ်" တဲ့

၁၉၅၈ စစ်အာဏာပထမအကြိမ်သိမ်းတဲ့အခါ တောင်ပိုင်းတိုင်းမှူးရာထူးကနေထွက်ပီး BOC ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ် ။ ၁၉၆၂ မှာတော့ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ တိုင်းပြည်ကထွက်သွားခဲ့ပါတယ်။
Daniel Lwin
http://www.wn.catholic.org.nz/douglas-albert-blake-100-years-on-28-october-2016/


No comments:

Post a Comment