Latest News

Saturday, July 21, 2018

အမေရိကန်-တရုတ် ကုန်သွယ်စစ်ပွဲ ဂယက်


အမေရိကန်-တရုတ် ကုန်သွယ်စစ်ပွဲ ဂယက်ကြောင့် မြန်မာ့ စီးပွားရေးဟာ မထင်မှတ်တာတွေ ထင်မှတ်တာတွေ အကုန်ဖြစ်လာနိုင်ပါတယ်၊ ခေါင်းဝါ မျက်ကွင်းဖြူလေးနဲ့ ဒေါ်နယ်ထရန့် ရဲ့ အမေရိကန် ပထမ ဆိုတဲ့ ဆောင်ပုဒ်အရ မဖြစ်လာနိုင်ဘူး ထင်မှတ်တဲ့ ကုန်သွယ်စစ်ပွဲကို တရုတ်ကို ကြေညာ စတိုက်လိုက်တာပါ၊ ဝေလွင့် အမြင်အရ တရုတ်ပြည်ဟာ တိုးတက်မှုကို နှစ်၂၀ အတွင်း မထင်မှတ်ပဲရလာပြီး အရှေ့သားထုံးစံ ကြွားဝါမာန်တက် ပလွှားလို့ Made In China 2025 ကြေညာမှုဟာ ဂျပန်တွေ ပုလဲဆိပ်ကမ်း ဗုံးကြဲတဲ့ အဖြစ်မျိုး သွားဖြစ်တာပါပဲ၊ အမေရိကန်ကြောင့် တရုတ်ဒီဘဝရောက်လာတာ မို့ သိန်းငှက်မှန်း သိအောင် တောင်ပံဆန့် ခြေသည်းထုတ် သုတ်ဖို့ပြင်တော့တာပါပဲ၊

တရုတ်ပြည်ထဲမှာ မီဒီယာတွေကို Trade War သတင်း အင်တာနက်ကအစ အတင်းလိုက်ပိတ်နေရသလို အမေရိကန်နဲ့ပတ်သက်တဲ့ လှောင်ပြောင်မှုတွေ၊ Made In China 2025 မရေး မပြောဖို့တားမြစ်နေပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ တရုတ်ပြည်ရဲ့ စတော့ဈေးကွက် ငွေကြေးတန်ဖိုး အစစ ထိုးကျသွားတာမို့ ထိန်းမနိုင်တဲ့ အဖြစ်ရောက်မှာကြောက်နေရပါတယ်၊
လတ်တလော အမေရိကန်ဒုံးပျံတွေ တောင်ကိုရီးယားထားခွင့်ပြုလို့ တရုတ်အစိုးရညစ်တွန်းတာကြောင့် ကိုရီးယားပိုင် LOTTE MART တွေပိတ်ခဲ့ရပေမဲ့ ခုတခါမှာတော့ အမေရိကန်ဆန့်ကျင်ရေး မလုပ်ဖို့ပြောင်းပြန်တိုက်တွန်းနေရပါတယ်၊

မတ်လလောက်ကစပြီး Trade War သတင်းတွေကြောင့် တရုတ်ငွေကြေးယွမ်ဟာ ၈%ထိကျဆင်းလာပါတယ်၊ ယွမ်ဟာ တရုတ်အစိုးရဘဏ်ကနေသာ ထိန်းချုပ်ထားတာပါ၊ ကျန်နိုင်ငံတွေလို လွတ်လပ်စွာရောင်းဝယ်လဲလှယ်တာမဟုတ်ပါဘူး၊ တရုတ်အစိုးရ စီးပွားရေးလုပ်ကိုင်ဖို့ သူ့ပြည်သူတွေကိုချေးထားတဲ့ ၃ ထရီလီယံ (သန်းထောင်ပေါင်း ၃သန်း) အကြွေးတွေများ ခုလို ကျဆင်းနေတဲ့ ငွေကြေးကြောင့် ပြန်ဆပ်ဖို့ထက် ဒေဝါလီခံကြရင် တရုတ်အစိုးရ ကြေကွဲနေ့ရက်တွေဖြစ်လာပါမယ်၊

မြန်မာကျပ်ဟာ မတ်လကနေ ခုထိ ၅% လောက်ကျသွားတာပါ၊ (တဒေါ်လာ ၁၃၆၀ ကနေ ၁၄၃၀ လောက်ဖြစ်တာပါ)၊ တကယ်တော့ ပြည်တွင်းထုတ်ကုန်သာရှိရင် ငွေဈေးကြောင့် ရောင်းကောင်းရမဲ့ အနေဖြစ်မှာ၊ြ မန်မာပြည်အဖို့ ထုတ်ကုန်အားကိုးစရာမရှိ သွင်းကုန်အဓိကဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲနေရမှတော့ ကုန်ဈေးနှုန်း တက်ကိုတက်ပါမယ်၊ အစိုးရပိုင်းက တတ်နိုင်သလောက်စည်းကြပ်ခွန်တွေလျှော့တာက သက်သာမှုရပါမယ်၊
အမေရိကန်ကနေ တရုတ်ပြည်က အစားအသောက်တွေ မဝယ်ဘူးလို့ ပြောထားတဲ့ အဓိက ပဲပိစပ်၊ ဝက်သားစတာတွေကို မြန်မာပြည်ဟာ ခုကထဲက ပြင်ဆင် စိုက်ပျိုးမွေးမြူသင့်တယ်၊
လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးအားနည်းနေတော့ တခြားကုန်ထုတ်လုပ်မှုတွေ၊ ရခိုင်ရေးနဲ့ဆက်နွယ် ပိုဆိုးလာတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဟာ ထီထိုးသလို သဘောထား ရပါလိမ့်မယ်၊ တိုင်းပြည်ထဲရှိနေတဲ့ ပြည်ပရင်းနှီးကုန်ထုတ်မှုတွေကို သက်သာခွင့်ပေးရပါလိမ့်မယ်၊ ကိုယ့်ပြည်တွင်းကမထွက်တဲ့ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေသာ ဒေါ်လာအသုံးပြုတင်သွင်းခွင့်ပေးရပါမယ်၊ ခုထဲကမပြင်ဆင် ထင်သလိုလုပ်နေရင်ဖြင့် လမ်းလယ်ခေါင်နေပူထဲ အကျိုး ထော့နဲ့ ခွေးလိုက်ဆွဲခံရ သလိုဖြစ်ပါလိမ့်မယ်၊

ဒီ့အပြင် အာရှစီးပွားရေးဟာ တရုတ်နဲ့ ဆက်နွှယ်သူမှန်သမျှ Domino Effects ဖြစ်လာမှာမို့ အနည်းနဲ့ အများထိခိုက်ပါမယ်၊ ထရန့်ရဲ့ ပထမ ထိုးချက် ၃၇ ဘီလီယံကို တရုတ်ပြန်လည်ထိုးသတ်ပေမဲ့ ဒုတိယထိုးချက်ဖြစ်မဲ့ စက်တင်ဘာမှာ ဘီလီယံ ၂၀၀ ဟာ အလဲထိုးချက်ပါပဲ၊ အမေရိကန် စတော့ ငွေကြေးဟာ ဒီစစ်ပွဲကြောင့် အသာရ ထိုးထိုး ထောင်ထောင်ဖြစ်နေပါတယ်၊

အမေရိကန်မိသားစုဟာ ခုစစ်ပွဲကြောင့် တနှစ်ကို ပျှမ်းမျှ ဒေါ်လာ ၆၀ ကနေ ၁၃၀ လောက်ထိပိုသုံးစွဲကြရပါမယ်၊ တခုယူဆရတာက ကုန်သွယ်ခွန်ကနေရလာမဲ့ ငွေကြေးဟာ သူခိုးကင်းတဲ့ တိုင်းပြည်မို့ အမေရိကန်ပြည်သူတွေ ခံစားရမှာ အသေအချာပါပဲ၊ ဒီတချီမှ မလဲပဲ သွေးသံရဲရဲပြန်ထလာလို့ကတော့ နောက်ဆုံး ဘီလီယံ ၃၀၀ ထိုးချက် တိုးလိုက်ရင် တရုတ်ပြည်ဟာ နိုင်ငံရေးပါယိုင်မယ်ဆိုတာ အသေအချာပါပဲ၊
ကဲဝေလွင်လည်း အစားတွေလျှော့စားမယ် မလိုတာတွေမဝယ်ဘူး မိန်းမကို မရဲတရဲ ကုန်သွယ်စစ်ပွဲဆင်နွဲမှဖြစ်တော့မယ်၊
မြန်မာပြည်သူများ ကုန်သွယ်စစ်ပွဲရန်က ကင်းလွတ် ကျန်းမာချမ်းသာ ကြပါစေ၊
ဝေလွင် (၇-၁၉-၂၀၁၈)
Wai Lwin

No comments:

Post a Comment