Latest News

Tuesday, July 24, 2018

အဆင့်မြင့်ကားကြီးကွင်း ပခုက္ကူတွင်တည်ဆောက်မည်

အဆင့်မြင့်ကားကြီးကွင်း ပခုက္ကူတွင်တည်ဆောက်မည်

ပခုက္ကူ  ဇူလိုင်  ၂၄

ပခုက္ကူမြို့တွင် ပုံမှန်ကားကြီးကွင်းများနှင့် ကွဲပြားသောအဆင့်မြင့်  ကားကြီးကွင်း ကြီးတစ်ခုအား  ယခုနှစ်အတွင်း စတင် တည်ဆောက်သွားမည်     ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

''ပခုက္ကူမှာ  ကားကြီးကွင်းတစ်ခု တည်ဆောက်မယ့် စီမံကိန်းတစ်ခုလုပ် ထားတယ်။  ဒီကားကြီးကွင်းကမြန်မာနိုင်ငံ မှာ ဆောက်လုပ်နေတဲ့ ပုံမှန်ကားကြီးကွင်း တွေနဲ့ ကွဲပြားတယ်။  တွေ့ရသလောက် ကားကွင်းတွေက   လေး၊ ငါး၊ ဆယ်နှစ် လောက်ရှိရင် ပြည့်ကျပ်ပြီးနေရာပြောင်းရ တဲ့ ကိစ္စမျိုးတွေ ပေါ်လာတယ်။ ရန်ကုန်မှာ လည်း လူနေထူထပ်မှုကြောင့်၊   ခရီးသွား လာမှုများပြားမှုကြောင့် ဖြစ်တဲ့ပြဿနာ တွေရှိတယ်။     အခုကားကြီးကွင်းကို တည်ဆောက်တဲ့အခါမှာ    Bus Terminal  လို့ခေါ်တဲ့ အဝင်၊ အထွက်  လိုင်းတွေထားမှာဖြစ်ပြီး ကားလုပ်ငန်း ရှင်တွေအတွက် အခန်းတွေ  လုပ်ထား တယ်။ အခန်းတွေကို ခရီးသည်အတင် အချလုပ်တဲ့နေရာနဲ့   ဂိတ်ဝင်၊  ဂိတ်ထွက် လုပ်တဲ့နေရာနဲ့   ခြားနားထားတယ်။ ကားဘယ်နှစီးဝင်ဝင်၊  ဘယ်နှစီးထွက် ထွက် နေရာကျပ်တည်းတဲ့  ပြဿနာ မရှိအောင် ပြင်ထားတယ်။ မြေဧက၂ဝ ကျော်ရှိတဲ့   စည်ပင်သာယာမြေမှာ ဆောက်မှာဖြစ်တဲ့အတွက်   ကုန်ကျ စရိတ်ကလည်း  သန်းထောင်ပေါင်းများစွာ ရှိတဲ့အတွက်ကြောင့်  တိုင်းဒေသကြီး အစိုးရဘတ်ဂျက်နဲ့လုပ်ဖို့ အဆင်မပြေပါ ဘူး။ 

ဒါကြောင့် Developer    ခေါ်ယူပြီး  လုပ်မှာပါ။    လောလောဆယ်  ဒီဇိုင်း ပြင်ဆင်ပြီးပါပြီ။တင်ဒါခေါ်ဖို့ပဲ ကျန်တော့ တယ်။ တင်ဒါခေါ်ပြီး တင်ဒါရွေးချယ်ကာ Developer ရှာပြီး  Developerနဲ့ စာချုပ်ချုပ်ပြီးတော့မှစမှာပေါ့။ ဒီနှစ်ထဲ မှာ  စဖြစ်မယ်ထင်ပါတယ်''ဟု   တိုင်း ဒေသကြီး    စီမံကိန်း၊  ဘဏ္ဍာရေးနှင့်  စည်ပင်သာရေးဝန်ကြီး   ဦးဇော်မင်းက ဇူလိုင်၂၃ ရက်တွင် ပြောသည်။ အဆိုပါ    ပခုက္ကူ  ကားကြီးကွင်းသစ်အတွင်း             ဓာတ်ဆီဆိုင်၊ ဘဏ်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊     ရှော့ပင်းမောလ်၊  စား သောက်ဆိုင်နှင့်  ကားပါကင်များပါရှိမည် ဖြစ်ကြောင်း သိရသည်။   

ကျော်ဇေယျ

No comments:

Post a Comment