Latest News

Tuesday, July 24, 2018

ဧရာဝတီမြစ်ရေ ညောင်တုန်း၌ စိုးရိမ်ရေမှတ်ကျော်လွန်

ဧရာဝတီမြစ်ရေ ညောင်တုန်း၌ စိုးရိမ်ရေမှတ်ကျော်လွန်

ညောင်တုန်း  ဇူလိုင်  ၂၄

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းက စိုးရိမ်ရေ မှတ် ၂၂ ဒသမ ၅ ပေသို့  ရောက်ရှိလာပြီဖြစ်သည်။ ညောင်တုန်း မြို့၏ အ္တရာယ်ရေအမှတ်သည် ၂၄ ဒသမ ၅ ပေရှိပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလအတွင်းက မြို့ပတ်ရေကာတာ၏ တာတမံ အမြင့်ကို ၃ဝ ဒသမ ၅ ပေအထိ ပြန်လည်မြှင့်တင်ထားရှိမှုကြောင့် စိုးရိမ်ရေမှတ်ကျော်လွန်နေသော်လည်း     ရေဘေးအန္တရာယ် စိုးရိမ်စရာမရှိကြောင်း သိရသည်။

ညောင်တုန်းမြို့၏ နှစ်စဉ်ရေဘေးကြုံတွေ့မှုကို ကြည့်မည် ဆိုပါက ၄-၈-၂ဝ၁၅ ခုနှစ်တွင် ၂၅ ဒသမ ၅ ပေ၊ ၈-၈-၂ဝ၁၆ ခုနှစ်တွင် ၂၆ ဒသမ ၄ ပေ၊ ၅-၉-၂ဝ၁၇ ခုနှစ်တွင် ၂၅ ဒသမ ၈ ပေသို့တိုင်အောင် စိုးရိမ်ရေမှတ်ကို  ကျော်လွန်၍  ရောက်ရှိခဲ့ ခြင်းဖြစ်ပြီး အဆိုပါမြစ်ရေ မြင့်တက်လာမှုကြောင့် ၂ဝ၁၅ ခုနှစ် နှင့် ၂ဝ၁၆ ခုနှစ်များတွင်     
ရေဘေးအန္တရာယ်ကို လိမ္မော်ရောင်အဆင့်သို့ ကြေညာခဲ့ရသည်။

ယခုအခါ ညောင်တုန်းမြို့တွင် စိုးရိမ်ရေမှတ် ၂၂ ဒသမ ၅ ပေသို့ ကျော်လွန်လာပြီ ဖြစ်၍ သဘာဝဘေးအ္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းခြင်း၊ အရေးပေါ် ဖြစ်ပေါ်လာပါက ဆောင်ရွက်ရန် သဲများ၊ ပီနံအိတ်ခွံများ၊ မိုးကာ၊ တာပေါ်လင်များကို ကြိုတင်စုဆောင်းထားရှိခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသောင်းတန် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက စဉ်ဆက်မပြတ် မြစ်ကမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခြင်းများကို ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။ ဇူလိုင် ၂၄ ရက် နံနက် ၆ နာရီအထိ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ၂၃ ဒသမ ၂ ပေသို့ ရောက်ရှိနေကြောင်း သိရသည်။

ဝင်းမြင့်ကျော်(ညောင်တုန်း)

No comments:

Post a Comment