Latest News

Thursday, July 19, 2018

မန်ယူ အိမ်ကွင်း ဂျာစီသစ် တစ်စုံစာမှာ ၁၉၃ ပေါင် နီးပါး ရှိ၍ ဝေဖန်မှုများ ရှိနေ

မန်ယူ အိမ်ကွင်း ဂျာစီသစ် တစ်စုံစာမှာ ၁၉၃ ပေါင် နီးပါး ရှိ၍ ဝေဖန်မှုများ ရှိနေ

မန်ချက်စတာ ဇူလိုင် ၁၈

မန်ယူအသင်းသည် ၂ဝ၁၈-၂ဝ၁၉ ပရီးမီးယားလိဂ် ဘောလုံး ရာသီအတွက် အိမ်ကွင်း ဝတ်စုံသစ်ကို ထုတ်ပြန် ကြေညာကာ စတင် ရောင်းချ ရာ၌ အရွယ်ရောက်ပြီး သူများ အတွက် ရာသီသစ် ဝတ်စုံ တစ်စုံစာသည် ၁၉၃ ပေါင် နီးပါး ရှိနေ ခြင်းကြောင့် ပရိသတ် များစွာက ဝေဖန် နေကြသည်။ ယမန်နေ့က ထိုအိမ်ကွင်း ဝတ်စုံသစ်ကို ထုတ်ပြန် ကြေညာရာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၄ဝ က ရထား လုပ်သားများ နယူတန်ဟိသ် အမည်ဖြင့် စတင် ထူထောင်ခြင်း ကို ဂုဏ်ပြုသည့် အနေဖြင့် ဂျာစီ လက်မောင်းစင်း ကို ရထားလမ်း ပုံသဏ္ဌာန် ပြုလုပ် ထားသည်။

သို့သော် အရွယ်ရောက်သူ တစ်ဦးအတွက် အားကစား အင်္ကျီတစ်ထည် တန်ကြေးသည် ၁ဝ၉ ဒသမ ၉၅ ပေါင်၊ ဘောင်းဘီ တစ်ထည် တန်ကြေးသည် ၄၂ ဒသမ ၉၅ ပေါင်၊ ခြေအိတ်တစ်စုံ တန်ကြေးသည် ၂၉ ဒသမ ၉၅ ပေါင် ရှိနေပြီး ကျောနံပါတ် နှင့် အမည်ထပ် ထည့်ပါက ၁၉၂ ဒသမ ၈၅ ပေါင် အထိ ကုန်ကျမည် ဖြစ်သည်။အသက် ခုနစ် နှစ်မှ ၁၆ နှစ်ကြား ကလေးများ အတွက် ဝတ်စုံ တစ်စုံစာ အတွက် ၁ဝ၉ ဒသမ ၈ဝ ပေါင် ပေးရမည် ဖြစ်ခြင်း ကြောင့် မန်ယူ ပရိသတ်များက ရှက်ဖွယ်ရာ ဈေးတင် ရောင်းမှုဟု ဝေဖန်ကြခြင်း ဖြစ်သည်။ပရီးမီးယားလိဂ် ရာသီသစ် အိမ်ကွင်း ဝတ်စုံများတွင် မန်ယူပြီးနောက် ဒုတိယ ဈေးအကြီးဆုံး ဂျာစီမှာ ချယ်လ်ဆီး ဖြစ်ပြီး လူကြီး ဝတ် တစ်စုံစာ အတွက် ၁၆၉ဒသမ ၈၅ ပေါင်ရှိပြီး အာဆင်နယ် ဂျာစီမှာ ၁၅၇ ပေါင်နှင့် တတိယ ဈေးအကြီးဆုံး အဖြစ် ရပ်တည် နေသည်။

MWD

No comments:

Post a Comment