Latest News

Thursday, July 19, 2018

ဖားကန့်မြေပြိုမှုဖြစ်ပွားရာနေရာ၌ သေဆုံးနေသူနှစ်ဦး ထပ်မံတွေ့ရှိ

ဖားကန့်မြေပြိုမှုဖြစ်ပွားရာနေရာ၌ သေဆုံးနေသူနှစ်ဦး ထပ်မံတွေ့ရှိ


ဖားကန့် ဇူလိုင်    ၁၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု ဆန်ခါကျေးရွာရှိ မဟာ အစပထမ   ကုမ္ပဏီလုပ်ကွက်ဟောင်း အတွင်း ဇူလိုင် ၁၄  ရက် မွန်းလွဲ ၂ နာရီ ကျော်ခန့်က ကမ်းပါးယံပြိုကျမှု ဖြစ်စဉ် ကြောင့် ရေမဆေးကျောက်ရှာဖွေသူများ နုန်းကန်အတွင်းသို့     ပြုတ်ကျသေဆုံး သူနှင့် ဒဏ်ရာရရှိသူများရှိခဲ့ပြီး     အခင်း ဖြစ်နုန်းကန်အတွင်း ပျောက်ဆုံးသူများ အားရှာဖွေရန်ခက်ခဲသည့် အနေအထား ကြောင့်   စောင့်ကြည့်ရေးအဖွဲ့များက ဆက်လက်စောင့်ကြည့်နေခဲ့ရာ  ယနေ့ နံနက် ၁ဝ နာရီခန့်တွင်   သေဆုံးနေသူ တစ်ဦးနှင့် မွန်းလွဲ ၂ နာရီခန့်တွင် တစ်ဦး အခင်းဖြစ်နုန်းကန်အတွင်း ပုပ်ပွ၍ပေါ်လာ သည်ကိုတွေ့ရှိခဲ့ပြီး လူမှုကူညီရေးအသင်း အဖွဲ့များက  ဆယ်ယူကာ  လုံးခင်းဆေးရုံ သို့ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါနုန်းကန်အတွင်း ဇူလိုင် ၁၆ ရက် မွန်းလွဲ  ၂    နာရီခန့်တွင်လည်း ဆက်လက် စောင့်ကြည့်ရေးအဖွဲ့များက အမည်မသိ        အမျိုးသားအလောင်း တစ်လောင်းအား ပုပ်ပွလျက်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ   အုပ်ချုပ်ရေးရုံးများထံ သတင်းပေးပို့တိုင်ကြားထားသည့်  လူ ပျောက်သူခြောက်ဦးနှင့်လည်း သက်ဆိုင် မှုမရှိဟုသိရကာ တွေ့ရှိရသည့်အလောင်း သည် မမှတ်မိနိုင်လောက်အောင် ပျက်စီး နေသည့်အတွက် မီးသင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့်   သေဆုံးသူပေါင်း ၂ဝ၊ ဒဏ်ရာရရှိသူ ၄၃   ဦးဖြစ်ပြီး ဒဏ်ရာ ရရှိသူများမှာ မစိုးရိမ်ရတော့သည့် အခြေ အနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရ သည်။
ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန   ဘေးအ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မိုးညှင်းခရိုင်ရုံးမှ ကနဦးသေဆုံး သူ ၁၇  ဦးအား တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၅၁  သိန်း၊ ဒဏ်ရာရရှိခဲ့သူ ၂၄  ဦးအား   တစ်ဦး လျှင်   ငွေ$ကျပ်ငါးသောင်းနှုန်းဖြင့် စုစု ပေါင်းငွေကျပ် ၁၂ သိန်းကို ဒုတိယဦးစီးမှူး ဒေါ်ရွှေဇင်နိုင်ဦးဆောင်လျက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment