Latest News

Sunday, July 22, 2018

နယူးယော့မှာပါးစပ်ကိုအ၀တ်နဲ့ဆို့၊ကြိုးနဲ့တုပ်နှောင်ကာ၊အိပ်ယာခင်းနဲ့ထုပ်ပြီးသတ်ဖြတ်ခံထားရတဲ့မြန်မာအမျိုးသမီး





ပါးစပ်ကိုအ၀တ်နဲ့ဆို့၊ကြိုးနဲ့တုပ်နှောင်ကာ၊အိပ်ယာခင်းနဲ့ထုပ်ပြီးသတ်ဖြတ်ခံထားရတဲ့အမျိုးသမီးကြီးတစ်ဦးကို အမေရိကန်နိုင်ငံ၊နယူးယော့မြို့၊ဘရုတ်ကလင်ကသူ့ရဲ့အိပ်ခန်းဗီဒိုထဲမှာတွေ့ရှိခဲ့တယ်လို့Daily Newsမှာဖော်ပြထားပါတယ်။

" သူ့ကိုတုပ်ထားတာအီဂျစ်မမ်မီရုပ်လိုပဲ "လို့ သတ်ဖြတ်ခံရသူ ဒေါ်ကြည်မာသိန်း (၅၈)နှစ်ရဲ့လုပ်ဖော်ကိုင်ဖက်အမျိုးသမီးကငိုရှိုက်ရင်းပြောပါတယ်။

လက်မှတ်ရသူနာပြုအမျိုးသမီးဒေါ်ကြည်မာသိန်းအသတ်ခံထားရတာကို East Flatbush တိုက်ခန်းမှာ
မနက် ၇နာရီအချိန်ရဲတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဘရုကလင်က သူမအလုပ်လုပ်ရာSUNY Downstate Medical Center ကိုဗုဒ္ဓဟူးနေ့ညကထဲက အလုပ်မဆင်းခဲ့တာမို့စိုးရိမ်တဲ့ သူ့လုပ်ဖော်ကိုင်ဖက်က ရဲကိုအကြောင်းကြားခဲ့ပါတယ်။သေဆုံးသူဒေါ်ကြည်မာသိန်းဟာရုန်းကန်ထားတဲ့ပုံစံမရှိဘူးလို့ရဲကဆိုပါတယ်။သူတို့အိမ်ကိုရောက်ချိန်မှာ တခြားဘယ်သူမှမရှိဘူးလို့ဆိုပါတယ်။ ဓားမြတိုက်ခံရသလားဆိုတာလည်းမသေချာသေးဘူးလို့ ရဲကဆိုပါတယ်။

ဒေါ်ကြည်မာသိန်းမှာ သားတစ်ဦးရှိပြီး
ကလေးအထူးကုဆရာဝန်တစ်ဦးလို့သိရပါတယ်။

သူ့မိတ်ဆွေရဲ့ပြောပြချက်အရဒေါ်ကြည်မာသိန်းဟာ အသက် ၂၃ နှစ်အရွယ်လုပ်ဖော်ကိုင်ဖက်တစ်ဦးကို သူနဲ့အတူနေဖို့လွန်ခဲ့တဲ့နှစ်လက ခေါ်ထားခဲ့ပြီး အခု အဲဒီအမျိုးသမီးကပျောက်ဆုံးနေတယ်လို့သိရပါတယ်။ဒေါ်ကြည်မာသိန်းကခရီးသွားရတာဝါသနာပါသူဖြစ်ပြီး ကမ္ဘာအနှံ့လျှောက်သွားတယ်လို့ဆိုပါတယ်။
SZ_Time Ayeyar

No comments:

Post a Comment