Latest News

Saturday, July 21, 2018

ဘရာဇီး-ဘယ်လ်ဂျီယမ် ပွဲကြောင့် ၀န်ကြီးချုပ် ရာထူးမှ နှုတ်ထွက် ပေးလိုက်ရခြင်း


ထို အရေး ကား လူမသိ သူမသိ နဲ့ ကာရစ်ဘီယံ ကျွန်းနိုင်ငံ လေး ဖြစ်တဲ့ ဟေတီ မှာ ဖြစ်ခဲ့တာပါ။ ဟေတီ တနိုင်ငံလုံးသည် ဘော်လုံး ကို လုံးဝ ရူးသွပ် ခုံမင် သူများ ဖြစ်ကြယုံမက အာဖရိက နွယ်ဖွားလည်း ဖြစ်တဲ့ ပီလီ ကြောင့် ဘရာဇီး ကို တနိုင်ငံလုံး အတိုင်းအတာ နဲ့ အားပေးလေ့ရှိပါတယ်။ ထို့အပြင် ဘရာဇီးက ဘဏ္ဍာရေး နဲ့ စစ်ရေး အကူအညီများကိုလည်း ဟေတီ အား ရက်ရက်ရောရော ပေးလေ့ရှိတာကြောင့်လည်း ဖြစ်ပါတယ်။

ဂျုလိုင် ၆ ရက်နေ့မှာ ဘရာဇီး နဲ့ ဘဲလ်ဂျီယမ် ပွဲစဉ် ကို ရောက်လာခဲ့ပါတယ်။ ဒီအခွင့်အရေး ကို အမိအရ ချောင်းနေသူကတော့ ဟေတီ အစိုးရပဲ ဖြစ်ပြီး ထိုနေ့တွင် တနိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တီဗီ ဖန်သားပြင်ရှေ့ က ခွာမှာ မဟုတ်ဖူးလို့လဲ အတတ်သိထားပါတယ်။ ဒီပွဲက ရှုံးထွက် ပွဲစဉ် ဖြစ်တဲ့ အတွက်လည်း ဘရာဇီးကို နိုင်စေချင်တဲ့ ဟေတီ တွေ ရင်တမမ နဲ့ဖြစ်နေကြမှာမို့လဲ အခြား အရာတွေကို ဂရုထားနိုင်မှာ မဟုတ်ဖူးလို့လည်း ၀န်ကြီးချုပ် ဖြစ်သူ ဂျက် ဂိုင် လာဖွန်တင် က အတတ်သိထားပါတယ်။

ထိုအချိန်ကို အခွင့်ကောင်းယူပြီး အစိုးရ က လောင်စာဆီ ဈေးနှုန်း ကို ၄၀% အထိ မြှင့်တင်ကြောင်းသိုသိုသိပ်သိပ်ပဲ ကြေငြာလိုက်ပါတယ်။ ၀န်ကြီးချုပ်က ဘရာဇီး ကြိမ်းသေ နို်င်မယ်လို့ အပိုင်တွက်ထားပြီး ပွဲပြီး သွားလည်း ဘရာဇီး အနိုင်ရတာကို ခုန်ပေါက် မြူးတူးနေကြမယ့် နိုင်ငံသားတွေ အဖို့ ဓါတ်ဆီဈေး တက်တာ ကန့်ကွက်ဖို့ သတိရတော့မှာ မဟုတ်ဖူး ဆိုပြီး အပိုင် လုပ်လိုက်တာ ဖြစ်ပါတယ်။

သို့သော် သူထင်သလို ဖြစ်မလာပဲ ဘရာဇီး က ရှုံးနိမ့်သွားတဲ့ အတွက် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့တဲ့ လူထုကြီး တီဗီ မှန်သားပြင်ကနေ မျက်နှာ ခွာ လိုက်ချိန်မှာ လောင်စာဆီ ဈေး ၄၀% အထိ ထပ်တက်သွားတဲ့ သတင်းကို သတိပြူမိလာကြပါတယ်။

အလိုလိုနေရင်း စိတ်ပျက် နေကြတဲ့ လူထုကြီးက ထိုသတင်းကြောင့် ကားများကို မီးရှို့၊ ဆိုင်တွေကို လုယက်ကြတာကြောင့် မြို့တော် ပို့ အော် ပရင့်စ် တမြို့လုံး မီးဟုန်းဟုန်း တောက်သွားခဲ့ရပါတယ်။

ဝန်ကြီးချုပ်လည်း အမြန်ပဲ သူ ထုတ်ခဲ့တဲ့ အမိန့်ကို ရုတ်သိမ်းခဲ့ပေမယ့် နောက်ကျသွားခဲ့ရပြီ ဖြစ်ပါတယ်။ ဇူလိုင် လ ၁၄ ရက်နေ့မှာ ပဲ ပါလီမန် မှာ အယုံအကြည်မရှိ အဆို တင်သွင်းခံခဲ့ရပြီး ရှု့းနိမ့်သွားတာကြောင့် ရာထူးက နှုတ်ထွက်ပေးလိုက်ရပါတော့တယ်။

ဝန်ကြီးချုပ်က ဘရာဇီး ကြိမ်းသေ အနိုင်ရမယ်လို့ ယူဆပြီး သူ့ရာထူးနဲ့ ထပ်လောင်းခဲ့တဲ့ အတွက် ၂၀၁၈ ကမ္ဘာဖလား လောင်းကြေးများ တွင် တန်ဖိုး အကြီးဆုံး ဖြစ်သွားခဲ့ရပါတော့တယ်။ လောင်စာဆီ ဈေးနှုန်း မြှင့်တင်မှု နဲ့ အတူ စတင်ဖွင့်လှစ်လိုက်တဲ့ ဟေတီ ရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများလည်း၎င်းနှင့်အတူ ရေစုန်မျောသွားခဲ့ရပါတော့တယ်။ အပျက်အစီးများ တန်ဖိုးက GDP ရဲ့ ၂% ရှိခဲ့ပါတယ်။
လှစိုးဝေ

From the Economist Desk

No comments:

Post a Comment