Latest News

Tuesday, July 17, 2018

စီရော်နယ်ဒိုရောက်လာ၍ ဂျူဗင်တပ်စ်အသင်း ရှယ်ယာဈေး ၃၃ ရာခိုင်နှုန်း မြင့်တက်


စီရော်နယ်ဒိုရောက်လာ၍ ဂျူဗင်တပ်စ်အသင်း ရှယ်ယာဈေး ၃၃ ရာခိုင်နှုန်း မြင့်တက်
တူရင်
ဇူလိုင် ၁၇
ဂျူဗင်တပ်စ်အသင်းသို့ စီရော်နယ်ဒို တရားဝင်ပြောင်းရွှေ့ ရောက်ရှိခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်း ရှယ်ယာ ဈေးမှာ ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။
ရွှေဘောလုံးငါးဆုရှင် စီရော်နယ်ဒိုကိုခေါ်ယူနိုင်ရန် ဂျူဗင်တပ်စ်အသင်းသည် ပြောင်းရွှေ့ကြေးအဖြစ်ပေါင် သန်း ၁ဝဝ ကျော်ဖြင့် လေးနှစ်စာချုပ်အရ တစ်ပတ်လစာ ပေါင် ငါးသိန်းပေးရခြင်းကြောင့် ပေါင်သန်း ၃ဝဝ ကျော်သုံးစွဲရမည်ဖြစ်ရာ ဂျူဗင်တပ်စ်အသင်းပိုင်ရှင် အဂ္ဂနယ်လီမိသားစုက ၎င်းတို့ချုပ်ကိုင်ထားသည့် ဖီးယက် ကားကုမ္ပဏီမှ ငွေကြေးသန်းရာချီ စိုက်ပေးမည်ဆိုသဖြင့် ဖီးယက် ကားကုမ္ပဏီ ဝန်ထမ်းတချို့က စီရော်နယ်ဒို ခေါ်ယူမှုကိုဆန့်ကျင် ဆန္ဒပြနေကြသော်လည်း စီရော်နယ်ဒို ဂျူဗင်တပ်စ်သို့ ရောက်လာခြင်းကိုတူရင် တစ်မြို့လုံးနီးပါးလာရောက်ကြိုဆိုကြသလို နိုင်ငံေ ပါင်း ၃ဝ ကျော်မှ မီဒီယာများလည်း လာရောက် သတင်းယူကြသည်။ စီရော်နယ်ဒိုရောက်လာခြင်းကြောင့် ဂျူဗင်တပ်စ်အသင်းရှယ်ယာဈေး ၃၃ ရာခိုင်နှုန်း တက်သွားသလို အသင်း၏ တစ်ရာသီစာ လက်မှတ်နှုန်းထားမှာလည်း ၃ဝ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
စီရော်နယ်ဒိုရောက်ရှိလာခြင်းအတွက် ဂျူဗင်တပ်စ်အသင်းသည် ၎င်းနှင့်ပတ်သက်သော ပရိသတ်များ အချိန်ပြည့် မိတ်ဆက်ရေးသားနိုင်စေမည့် လူမှုကွန်ရက် အကောင့်ဖြစ်သော #CR7DAY ကို လည်း ဖွင့်လှစ်ပေးခဲ့သည်။ စီရော်နယ်ဒိုသည် နာမည်အကြီးဆုံး အားကစားသမား ဖြစ်ခြင်းကြောင့် လူမှုကွန်ရက်အားလုံးမှ ပရိသတ်ပေါင်း ၃၃ဝ ဒသမ ၅ သန်းရှိခြင်းအတွက် ဂျူဗင်တပ်စ်အသင်း လည်း ပရိသတ်များစွာ တိုးပွားလာ မည်ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းက စီရော်နယ်ဒိုကို စပို့တင်းလစ္စဘွန်းအသင်းတွင်ရှိစဉ် ၂ဝဝ၂ ခုနှစ်ကတည်းက မန်ယူထက် လက်ဦးပြီးခေါ်ရန် ကြိုးစားခဲ့ရာတွင် အသင်းမှ တိုက်စစ်မှူး မာဆယ်လိုဆာလက်ခ်ျနှင့် အလဲအထပ် လုပ်မှုမအောင်မြင်ခဲ့ခြင်းကြောင့် ယခုမှသာ ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ စီရော်နယ်ဒိုက ''ကျွန်တော့်အသက်အရွယ်မျိုးမှာ ကာတာတို့၊ တရုတ်တို့ သွားကစား ကြတဲ့သူတွေနဲ့ မတူဘူး။ ကိုယ်က အားလုံးနဲ့ ခြားနားတယ်။ ထိပ်တန်းကစားသမား ဖြစ်ကြောင်းကို သက်သေပြမယ်။
ကျွန်တော့်စွမ်းဆောင်ရည် အချက်အလက်တွေကိုလည်း အားလုံးသိကြပါတယ်။ ကျွန်တော်က ဘယ်တော့မှ သက်သောင့်သက်သာ ဖြစ်မယ့်နေရာမှာ မနေဘူး။ မန်ယူနဲ့ ရီးယဲလ်မှာ စွမ်းဆော င်ပြနိုင်ခဲ့ပြီးတာတွေ နောက်မှာ ဂျူဗင်တပ်စ်နဲ့ သမိုင်းရေးထိုးဦးမှာပါ။ မန်ယူနဲ့ ရီးယဲလ်မှာ ရွှေဘောလုံးဆုတွေကို ခက်ခက်ခဲခဲ ရယူနိုင်ခဲ့တယ်။ ကျွန်တော်က အမြဲတမ်း အကောင်းဆုံးသူပဲ ဖြစ်ချင် တယ်။ ဂျူဗင်တပ်စ်မှာ ရွှေဘောလုံးဆု ထပ်ယူနိုင်မှာပါ''ဟု ပြောသည်။
MWD

No comments:

Post a Comment