Latest News

Sunday, July 15, 2018

ဗြိတိန်အနေဖြင့် ဥရောပ သမဂ္ဂကို တရားစွဲရန် ထရမ့် အကြံပြုဟု ဆို

ဗြိတိန်အနေဖြင့် ဥရောပ သမဂ္ဂကို တရားစွဲရန် ထရမ့် အကြံပြုဟု ဆို

လန်ဒန် ဇူလိုင် ၁၅

ဗြိတိန်အစိုးရအနေဖြင့် ဥရောပသမဂ္ဂကို တရားစွဲဆိုသင့်ကြောင်းနှင့် ယင်းသို့တရားစွဲဆိုခြင်းသည် ဥရောပ သမဂ္ဂမှ ဗြိတိန်နုတ်ထွက်မည့်အစီအစဉ်၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း အမေရိကန် သမ္မတ  ဒေါ်နယ်ထရမ့်က အကြံပြုသည်ဟု ဝန်ကြီးချုပ် ထရီဆာမေက ဇူလိုင် ၁၅ ရက်တွင်ပြောသည်။

ဗြိတိန်အစိုးရအနေဖြင့် အဖွဲ့ဝင်၂၇ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂနှင့် စေ့စပ်ဆွေးနွေးခြင်းထက် ဥရောပ သမဂ္ဂကို တရားစွဲဆိုသင့်သည်ဟု ထရမ့်က ထရီဆာမေနှင့် ဇူလိုင် ၁၃ ရက်တွင် သီးသန့်ေ တွ့ဆုံစဉ် ပြော ခြင်းဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ထရမ့်၏အကြံပြုချက်ကို လက်မခံဘဲ ဥရောပသမဂ္ဂနှင့် စေ့စပ်မှုများကို ဆက်လက်လုပ်ဆောင်မည်ဟု ထရီဆာမေက တုံ့ပြန်ပြောဆိုထား သည်။ ဗြိတိန်နှင့် အမေရိကန်တို့၏ ဆက်ဆံရေးတိုးတက်မှုသည် အမြင့်မားဆုံး အခြေအနေသို့ရောက်ရှိ နေသည်ဟုလည်း ထရမ့်ကပြော ကြောင်း ထရီဆာမေက The Sun သတင်းစာနှင့် ပြုလုပ် သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောသည်။ ထို့ပြင် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို နိုင်ငံသို့ ပြန်လည် အပ်နှင်းခြင်းဖြစ်ပြီး ဗြိတိန်လွှတ်တော် အနေဖြင့် ဥပဒေများကို ပြဋ္ဌာန်းနိုင်သည့်အပြင် တရားရုံးများကလည်း ဥပဒေပြဋ္ဌာန်းချက်များကို အတားအဆီးမရှိ ကျင့်သုံးနိုင်မည်ဖြစ်ကြောင်း ထရီဆာမေက ပြောသည်ဟု သိရသည်။

MWD

No comments:

Post a Comment