Latest News

Tuesday, July 24, 2018

လာအိုနိုင်ငံ၌ ဆည်ကျိုးပေါက်မှုဖြစ်ပွား၊ လူရာပေါင်းများစွာ ပျောက်ဆုံးနေ

လာအိုနိုင်ငံ၌ ဆည်ကျိုးပေါက်မှုဖြစ်ပွား၊ လူရာပေါင်းများစွာ ပျောက်ဆုံးနေ


လာအိုနိုင်ငံ အရှေ့တောင်ပိုင်းရှိ တည် ဆောက်လက်စ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်  ကျိုးပေါက်မှုဖြစ်ပွားရာ လူရာပေါင်း များစွာ ပျောက်ဆုံးနေပြီး လူအချို့ သေဆုံးရ ဖွယ်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာန များက ဇူလိုင် ၂၄ ရက်တွင် သတင်းထုတ်ပြန် သည်။

ဆည်ကျိုးပေါက်မှု  ဖြစ်စဉ်အတွင်း ကျေးရွာခြောက်ရွာမှာ ရုတ်ခြည်း ရေလွှမ်းမိုးခံ ခဲ့ရကြောင်း လာအိုနိုင်ငံပိုင် သတင်းဌာနက သတင်းထုတ်ပြန်သည်။

လာအိုနိုင်ငံ၌   မြစ်ချောင်းအင်းအိုင် ပြေါ<ွကယ်ဝပြီး       ကုန်းတွင်းပိတ်နိုင်ငံဖြစ်၍ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးအတွက် ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများကို အစိုးရက အကောင်အထည်ဖော်လျက်ရှိသည်။ လာအိုနိုင်ငံ၌ ထုတ်လုပ်သော ရေအားလျှပ်စစ် ဓာတ်အားကို ထိုင်းနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံ များသို့ တင်ပို့ရောင်းချသည်။

တွေ့ကြုံ

လာအိုနိုင်ငံ အက်တာပူး ပြည်နယ်ဆာနမ် ဇေးခရိုင်၌ ဇူလိုင် ၂၃ ရက် နှောင်းပိုင်းက ဆည်ကျိုးပေါက်မှုဖြစ်ပွားခဲ့ရာတွင်  ရေကုဗ မီတာ ငါးဘီလီယံခန့်ကို ထုတ်လွှတ်ခဲ့သဖြင့် အနီးအပါးရှိ   ကျေးရွာများမှ  ပြည်သူများ ရေလွှမ်းမှုနှင့်       တွေ့ကြုံခဲ့ကြရသည်။

ဆည်ကျိုးမှုကြောင့် ဒေသခံပြည်သူများမှာ ကလေးငယ်များကို ခေါ်ဆောင်၍ သစ်သား လှေများအပေါ် အစုအပြုံလိုက် လိုက်ပါကာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။

ဇူလိုင် ၂၃ ရက် ည ၈ နာရီခန့်တွင် ဆည်ကျိုးခဲ့ပြီး နေအိမ်အများအပြား ရေစီး နှင့်အတူ မျောပါခဲ့ရကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။     

The Mirror Daily

No comments:

Post a Comment