Latest News

Tuesday, July 24, 2018

နည်းပြမော်ရင်ဟိုက ကစားသမားနှစ်ဦးမက ခေါ်ယူလို

နည်းပြမော်ရင်ဟိုက ကစားသမားနှစ်ဦးမက ခေါ်ယူလို

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် လာမည့်ဘောလုံးရာသီ မစတင်မီ ကစားသမားနှစ်ဦးထက်မက ခေါ်ယူရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ပေါ်တူဂီနိုင်ငံသား နည်းပြမော်ရင်ဟိုသည် လက်ရှိတွင် ဂိုးသမား လီဂရန့်၊ နောက်တန်းကစားသမား ဒါလော့နှင့် ကွင်းလယ်ကစား သမား ဖရက်ဒ်တို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်သည်။ သို့ရာတွင် အသင်း ၏ ကစားသမားအင်အားတောင့်တင်းစေရေးအတွက် နောက်ထပ် ကစားသမားနှစ်ဦးထက်မနည်းခေါ်ယူရန် ဆန္ဒရှိနေသည်ဟုဆိုသည်။

ပရီမီယာလိဂ်ကလပ်အသင်းများက အပြောင်းအရွှေ့ကာလကို ဘောလုံးရာသီတစ်ခုမစတင်မီ ရက်အနည်းငယ်အလိုတွင် ပိတ်သိမ်း ရန်တောင်းဆိုထားခဲ့ခြင်းကြောင့်   ၂ဝ၁၈-၂ဝ၁၉ ဘောလုံးရာသီ အတွက် သြဂုတ် ၉ ရက်တွင် ပိတ်သိမ်းမည်ဖြစ်သည်။

မန်ယူအသင်းသည် လက်ရှိတွင် နောက်တန်းကစားသမားများဖြစ် သည့် မာကွီယာ၊ အယ်လ်ဒါဝီးလ်နှင့် ဘိုနျူစီတို့ကို ခေါ်ယူလိမ့်မည်ဟု သတင်းများထွက်ပေါ်နေပြီး တိုက်စစ်ပိုင်းအတွက်မူ ထပ်မံခေါ်ယူရန် ပြင်ဆင်လာခဲ့ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် လိုအပ်နေသည့် နောက်တန်း ခံစစ်ကြောင်းအတွက် အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမား နှစ်ဦးအထိ ခေါ်ယူနိုင်ရန် နည်းပြမော်ရင်ဟိုက မျှော်လင့်လျက်ရှိ ကြောင်း သိရသည်။

လက်ရှိတွင်မူ ကစားသမားတချို့ကို ခေါ်ယူထားပြီးဖြစ်သော ကြောင့် နည်းပြမော်ရင်ဟိုအနေဖြင့် အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ကစားသမားရောင်းချခြင်းနှင့် ခေါ်ယူခြင်းတို့ကို ပြုလုပ်နိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

ငွေကြယ် - ရေးသားသည်

The Mirror Daily

No comments:

Post a Comment