အာဆင်နယ်အသင်းနဲ့ ပြင်သစ်အသင်းတို့အတွက် ဂန္ထဝင်ကစား သမားတစ်ဦးဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ဟင်နရီဟာ အက်စတွန်ဗီလာ အသင်းနည်းပြဖြစ်လာဖို့ နီးစပ်မှုရှိနေပြီဖြစ်ကြောင်း ဒေးလီးစတား သတင်းဌာနက ဖော်ပြထားပါတယ်။
လက်ရှိမှာ အက်စတွန်ဗီလာအသင်းက နည်းပြစတိဗ်ဘရုစ်ကို ထုတ်ပယ်ခြင်းမရှိသေးဘဲ အက်စ်တွန်ဗီလာအသင်းနည်းပြအဖြစ် ဆက်လက်ခန့်ထားမှာလားဆိုတာကို စတိဗ်ဘရုစ်အနေနဲ့ စောင့်ဆိုင်း နေတာဖြစ်ပါတယ်။
အက်စ်တွန်ဗီလာအသင်းရဲ့ လက်ရှိပိုင်ရှင်တွေကတော့ စတိဗ် ဘရုစ်ရဲ့နေရာမှာ ဟင်နရီနဲ့ အစားထိုးဖို့စီစဉ်နေတာဖြစ်ပြီး နည်းပြ စတိဗ်ဘရုစ်နဲ့ တွေ့ဆုံဖို့လည်း ဘာမင်ဂန်မြို့ကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။
ဒေးလီးစတားသတင်းဌာနရဲ့ သတင်းဖော်ပြချက်မှာတော့ ဘယ်လ်ဂျီယံလက်ထောက်နည်းပြ ဟင်နရီနဲ့ အက်စ်တွန်ဗီလာ အသင်း တို့ သဘောတူညီမှုရထားတယ်ဆိုတာနဲ့ စတိဗ်ဘရုစ်ကလည်း လက်ရှိ အက်စ်တွန်ဗီလာအသင်းမှာ ရှိနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် အထိ တက်လှမ်းနိုင်ခဲ့တဲ့အသင်းဖြစ်ခြင်းကြောင့် လက်ထောက်နည်းပြ ဟင်နရီကို ခေါ်ယူဖို့ အက်စ်တွန်ဗီလာအသင်းက စီစဉ်လာတာလည်း ဖြစ်ပါတယ်။
ဟင်နရီဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ကစားခဲ့စဉ်ကလည်း ၁၂၃ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅၁ ဂိုးအထိသွင်းယူနိုင်ခဲ့တာ ကြောင့် ပြင်သစ်အသင်းအတွက် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့သလို ၁၉၉၈ ခုနှစ်ကလည်း ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားရယူပေးနိုင်ခဲ့ သူဖြစ်ပါတယ်။
အခုနည်းပြဘဝဖြတ်သန်းချိန်မှာလည်း ဘယ်လ်ဂျီယံအသင်း နည်းပြရောဘတ်တိုမာတီနက်ဇ်ရဲ့ ဒုတိယလက်ထောက်နည်းပြဘဝ မှာ အောင်မြင်မှုရရှိနေတာလည်းဖြစ်ပါတယ်။
ငွေကြယ် - ရေးသားသည်
The Mirror Daily
No comments:
Post a Comment