မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ထွက်ပြေးတိမ်းရှောင်နေသောတရားခံ၊ သက်သေခံဓား၊ ယူဆောင်သွားခဲ့သော ပစ္စည်းများသိမ်းဆည်းရမိ
မန္တလေး၊ ဇူလိုင် ၂၈
မန္တလေးမြို့အောင်မြေသာစံမြို့မရဲစခန်းက အမှုမှထွက်ပြေး တိမ်းရှောင်နေသည့် သန်းထွန်း ၅၃နှစ်၊ ရွှေကျင်ကွက်သစ်၊ ပုသိမ်ကြီးမြို့နယ်နေသူအား မန္တလေးတိုင်းရဲအကူ တပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ အောင်မြေသာစံမြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များပါဝင်သည့် အထူးအမှုစစ်အဖွဲ့သည်ဇူလိုင်၂၇ရက် နေ့ ည ၁၁ နာရီခွဲ တွင် မန္တလေးအောင်မြေသာစံမြို့နယ် ၁၂လမ်းနှင့်၇၃လမ်းထောင့်တွင် ဖမ်းဆီးရမိခဲ့သည်။
တရားခံသန်းထွန်းအား အဆိုပါအဖွဲ့မှ အသေးစိတ်စစ်မေးရာမှ အခင်းဖြစ်ပွားစဉ် အသုံးပြုခဲ့သော အရိုးအသွား(၁၀)လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းနှင့် အခင်းဖြစ်နေအိမ်မှ ယူဆောင်သွားခဲ့သော ကျောက်နီ လက်ကောက် ရွှေကျောက်ပါ ၁ ခု၊ ခရမ်းရောင်ကျောက်ပါရွှေလက်ကောက် ၁ ခု၊ ရောင်စုံကျောက် ရွှေပုလဲလည်ဆွဲ ၁ခု၊ ကျောက်နီကြယ်ရွှေဆွဲသီး ၁ခု၊ ကျောက်ပြာရွှေဆွဲသီး ၁ ခု၊ ကျောက်ဖြူရွှေဆွဲသီး ၁ ခု၊ ကျောက်ပြာနားကပ်တစ်ရံ၊ ကျောက်နီရွှေနားကပ်တစ်ရံ၊ ကျောက်ပြာရွှေနားကပ်တစ်ရံ၊ ရောင်စုံကျောက် ရွှေနားကပ်တစ်ရံ၊ ပုလဲအလုံးသီးသန့်၊ ရောင်စုံကျောက်အလုံးသီးသန့်(၂၈)လုံး၊ ကျောက်အဖြူအလုံးသီးသန့် (၁၅၀)လုံး၊ ကျောက်နီ အလုံးသီးသန့်(၁၃)လုံးထည့်ထားသည့် အရှည် ၂ ပေခွဲခန့်၊ အမြင့် ၁ပေခန့်၊ ဗျက် ၁၀လက်မခန့်ရှိ ဂျပ်ဖာအား ၎င်းတို့လင်မယားနေထိုင်ရာ ရွှေကျင်ကွက်သစ်ရပ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ပုသိမ်ကြီးမြို့နယ်ရှိ လေးထပ်တိုက်အပေါ်ဆုံးရှိ လူမနေဘဲ ပစ္စည်းများထားရှိသည့်အခန်းအတွင်းမှ သိမ်းဆည်းထားကြောင်း သက်သေခံပစ္စည်းများအား သိမ်းဆည်းပြီး တရားခံသန်းထွန်းအား အသေးစိတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်မောင်မန်းကိုယ်ပွား
Saturday, July 28, 2018
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ထွက်ပြေးတိမ်းရှောင်နေသောတရားခံ၊ သက်သေခံဓား၊ ယူဆောင်သွားခဲ့သော ပစ္စည်းများသိမ်းဆည်းရမိ
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ထွက်ပြေးတိမ်းရှောင်နေသောတရားခံ၊ သက်သေခံဓား၊ ယူဆောင်သွားခဲ့သော ပစ္စည်းများသိမ်းဆည်းရမိ
Reviewed by Ar Ti
on
7:26 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment