ဘားအံမြို့ တွင် လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူအား ပိတ်ဆို့ ဖမ်းဆီးရမိ
ဘားအံ ဇူလိုင် ၂၈
ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ဘားအံမြို့မရဲစခန်းမှူးဒုရဲမှူး ဝင်းနိုင်၊ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ် အောင်မျိုးကျော် နှင့်နယ်ထိန်းတပ်ဖွဲ့ ဝင်များသည် ဘားအံရဲစခန်းက စောဇော်လင်းဦး(ခ)ဝီးကလိ( ၂၅- နှစ် ) လှိုင်းပုံလမ်း၊ ဝါဆိုဦး အမှတ် ၉ ရပ်ကွက်နေသူအား ဇူလိုင်လ ၂၈ရက်နေ့ နံနက် ၅နာရီအချိန်ကဘားအံမြို့နယ်၊ လှာကမြင်ကွက်သစ် အားကစားကွင်းနောက်ဘက် တဲတစ်လုံးအတွင်း ပုန်းအောင်းနေစဉ် ပိတ်ဆို့ ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၇ရက်နေ့ မွန်းလွဲ ၁၂နာရီခွဲအချိန်ခန့်က ဘားအံမြို့၊အမှတ်(၉)ရပ်ကွက်၊ဝါဆိုဦးဘုန်းကြီးကျောင်းလမ်းနေ ဦးမောင်ချို(၄၄-နှစ်)သည် တစ်ရပ်ကွက်ထဲနေ ဦးလှတင်နေအိမ်၌ စောလင်းဇော်ဦး(ခ)ဝီးကလိ( ၂၅- နှစ် )လှိုင်းပုံလမ်း၊ ဝါဆိုဦး ၊အမှတ် ၉ ရပ်ကွက်နေသူနှင့် အရပ်အတူဝိုင်းဖွဲ့ သောက်စဉ် စကားများရန်ဖြစ်ရာမှ စောဇော်လင်းဦး(ခ)ဝီးကလိမှ ဆိုင်ကယ်ရှေ့
ရှော့ဘားဖြင့် ရိုက်နှက်ခဲ့သဖြင့် ဝဲဘက်မျက်လုံးညိုမဲဒဏ်ရာ၊ ဦးခေါင်းဝဲဘက်ညိုမဲဒဏ် ရာတို့ရရှိကာ သေဆုံးသွားသဖြင့်သေဆုံးသူ၏ ဇနီးတော်စပ်သူ မဝါဝါအေး၊(၄၁-နှစ်) မှဘားအံမြို့မရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့မှုဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အမှုဖြင့်ဖမ်းဆီးရမိသူ စောလင်းဇော်ဦး(ခ)ဝီးကလိအား ဘားအံမြို့မရဲစခန်းက အမှုဖြင့် ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment