Latest News

Saturday, July 28, 2018

ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းလုပ်ကွက် ကမ်းပါးယံပြိုကျ၍ ပျောက်ဆုံးသူ ၂၇ ဦးမှ သေဆုံးသူရုပ်အလောင်း ၂၂ လောင်း ရှာဖွေတွေ့ရှိ

ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းလုပ်ကွက် ကမ်းပါးယံပြိုကျ၍ ပျောက်ဆုံးသူ ၂၇ ဦးမှ သေဆုံးသူရုပ်အလောင်း ၂၂ လောင်း ရှာဖွေတွေ့ရှိ

ဖားကန့် ဇူလိုင် ၂၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ကျောက်စိမ်းလုပ်ကွက် ကမ်းပါးယံပြိုကျ၍ ပျောက်ဆုံးသူ ၂၇ ဦးရှိသည့်အနက်မှ ဇူလိုင်၂၈ရက် မွန်းတည့်၁၂နာရီထိ ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ရာ သေဆုံးသူရုပ်အလောင်း ၂၂ လောင်းအား ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်၂၄ရက် နံနက်၅နာရီက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာအနီးရှိ ဧရာရတနာ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်အဟောင်း၏ အမြင့်ပေ(၅၀၀)ခန့်ရှိ ကမ်းပါးယံပြိုကျခဲ့၍ ဆိပ်မူရဲကင်းစခန်းမှ ရဲအုပ်အောင်ဇင်ကျော် ဦးစီးရဲတပ်ဖွဲ့ဝင်များ၊ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ဖားကန့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကမ်းပါးယံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂၇ ဦး ပျောက်ဆုံးနေကြောင်း မိသားစုများ၏ စာရင်းပေးသွင်းမှုမှတ်တမ်းများအရ သိရှိထားရပြီး ဇူလိုင်၂၆ ရက်မှစတင်၍ ၎င်းကမ်းပါးယံအောက်ရှိ ရေအိုင်အတွင်းမှ သေဆုံးသူရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ကာ ယနေ့ ဇူလိုင် ၂၈ ရက် မွန်းတည့် ၁၂ နာရီအထိ ရုပ်အလောင်း ၂၂ လောင်းအား ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ

No comments:

Post a Comment