Latest News

Tuesday, June 26, 2018

လိုင်စင်မဲ့ယာဉ်များတွင် VIS စတေကာအတု ပြုလုပ်ခြင်းများ ဖမ်းဆီးနိုင်မှု သတင်းစာ ရှင်းလင်း

လိုင်စင်မဲ့ယာဉ်များတွင် VIS စတေကာအတု ပြုလုပ်ခြင်းများ
ဖမ်းဆီးနိုင်မှု သတင်းစာ ရှင်းလင်း

လိုင်စင်မဲ့ယာဉ်များတွင် ယာဉ်စစ်ဆေးပြီး ကြောင်းနှင့် သက်တမ်းကုန်ဆုံးရက် ကြော်ငြာသည့် Vehicle Inspection Sticker (VIS) စတေကာအတုပြုလုပ်ခြင်းများကို ဖမ်းဆီး နိုင်မှု  သတင်းစာရှင်းလင်းပွဲကို  ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး   တောင်ဥက္ကလာပ မြို့နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌   ကျင်းပသည်။

''ကျွန်တော်တို့ လူမှုကွန်ရက်စာမျက်နှာရဲ့ NYI  LAY  NYO အကောင့်မှာ ကြော်ငြာ ထားပါတယ်။ VIS စတေကာဆိုတာ ယာဉ်စစ်ဆေးပြီးကြောင်းနဲ့ သက်တမ်းဘယ်တော့ ကုန်မယ်ဆိုတာကို ယာဉ်ပိုင်ရှင်တွေအနေနဲ့  အလွယ်တကူသိနိုင်အောင် ကားရှေ့မှန် ထောင့်မှာ ကပ်တဲ့စတေကာပါ။ ယာဉ်ထိန်း ရဲတွေအနေနဲ့လည်း ရုတ်တရက်စစ်ဆေးမယ် ဆိုရင်   ဒီစတေကာက  ယာဉ်စစ်ဆေးပြီးကြောင်း အသိအမှတ်ပြုထားတာကို ထင်သာ မြင်သာစေတယ်။ ဒါကို ဒီအကောင့်ပိုင်ရှင်က လွယ်လွယ်ကူကူနဲ့ လုပ်ပေးနိုင်တယ်။ အလွတ် လိုချင်လား၊   လုပ်ပြီးသားလိုချင်လား ဆိုပြီး  ကြော်ငြာတယ်။ အပ်တဲ့အခါ တစ်စောင်ကို  ငွေကျပ် သုံးသောင်းကျမယ်။ ဒါနဲ့ ဇွန် ၂၁ ရက်မှာ သူတို့ချိန်းတဲ့  ဒဂုံတက္ကသိုလ်နားကို ကျွန်တော်တို့ က-ည-နနဲ့   ရဲတပ်ဖွဲ့တွေ၊ သက်ဆိုင်ရာဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့   သွားရောက်ဖမ်းဆီး နိုင်ခဲ့ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် ကပြောသည်။

ထိုသို့ ဖမ်းဆီးရာတွင်   တရားခံ  NYI  LAY  NYO အကောင့်ပိုင်ရှင် စိုးသီဟ(ခ) မောင်လေးနှင့်အတူ VIS စတေကာမပြုလုပ်ရသေးသည့် ပစ္စည်းများနှင့်လုပ်ပြီးသား VIS စတေကာများ၊  စည်ပင်ဘီးခွန် အတုပြုလုပ်ထားသော စတေကာများ၊ စတေကာအတု ပြုလုပ်ရာတွင် အသုံးပြုသော Laptop နှင့်  ကာလာပရင်တာများကို    သိမ်းဆည်းရမိ ကြောင်း သိရသည်။  ထပ်မံ၍   NYI   LAY  NYO အကောင့်ပိုင်ရှင်အား ဆက် လက်စစ်ဆေးရာ နေပြည်တော် ပျဉ်းမနားမြို့၌ နေထိုင်သော  ဇွဲသက်ပိုင်(ခ) စိုင်းဝဏ္ဏကို လည်း  ဇွန် ၂၂ ရက်  ညပိုင်းက  ထပ်မံ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။              

မြန်မာနိုင်ငံတစ်ဝန်း    မှတ်ပုံတင်ထားသည့်  မော်တော်ယာဉ်စီးရေမှာ  ယခုနှစ် အထိ ၁ဝ သိန်းကျော်ရှိကြောင်း   ရန်ကုန် တိုင်းဒေသကြီး    ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(မြင်သာ)မှ     သိရသည်။

MWD

No comments:

Post a Comment