ရန်ကုန်မြို့၌ ပရိသတ်များနှင့် တွေ့ဆုံ
Myanmar Idol Season 3 ဆန်ခါတင် ပြိုင်ပွဲဝင်ရှစ်ဦးသည် တတိယမြောက် ရက်သတ္တပတ်ယှဉ်ပြိုင်မှု မပြုလုပ်မီ ယမန်နေ့က ရန်ကုန်မြို့ရှိ မြန်မာပလာဇာ၌ ပရိသတ်များနှင့် ရင်းနှီးစွာ တွေ့ဆုံ မိတ်ဆက်ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပြိုင်ပွဲဝင်များဖြစ်သော ချမ်းမြေ့မောင်ချို၊ ဖြိုးမြတ်အောင်၊ ပြည့်ဖြိုး၊ နီလန်း၊မေမဒီ၊ ငွေစင်လှိုင်း၊ နေခန့်မင်းသစ်နှင့် ဇော်ကြီးတို့ကတစ်ဦးချင်းစီအလိုက် ၎င်းတို့၏ ပရိသတ်များနှင့် အပြန်အလှန် မိတ်ဆက်ကြပြီး အမှတ်တရဓာတ်ပုံများလည်း ရိုက်ကူးခဲ့ကြသည်။
''ကိုယ့်ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ရတာ အရမ်းပျော်ပါတယ်။ သူတို့က ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို ပြောပြလို့သိရပါတယ်။ အခုလိုပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခွင့်ရတာကြောင့် ပြိုင်တဲ့အခါမှာ ပြိုင်ပွဲဝင်တွေအတွက် အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့ အခွင့်အရေး ကောင်းတစ်ခုရရှိခဲ့တာပါ။ Myanmar Idol Season 3 ပြိုင်ပွဲရဲ့ကျန်အဆင့်တွေမှာ အကောင်းဆုံးပုံစံနဲ့ ပြိုင်ပွဲဝင်ပြီး အောင်မြင်မှု ရရှိဖို့ လုပ်ဆောင်သွားမှာပါ'' ဟု ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုက ပြောသည်။
အဆိုပါ ဆန်ခါတင်ပြိုင်ပွဲဝင်များသည် ဇွန်၂၈ ရက်ညတွင် အဆိုတော်ခိုင်ထူး၏ သီချင်းများဖြင့် သီဆို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇွန် ၂၉ ရက်တွင် Result Show ကိုဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment