Latest News

Sunday, June 3, 2018

အွန်လိုင်းကနေ Music Video တစ်ပုဒ်တင်ရန် ကြိုးစားနေတဲ့ သားငယ်

အွန်လိုင်းကနေ Music Video တစ်ပုဒ်တင်ရန် ကြိုးစားနေတဲ့ သားငယ်

အဆိုတော် သားငယ်အနေဖြင့် Music Video တစ်ပုဒ်ကို အွန်လိုင်းမှတစ်ဆင့် ပရိသတ်များထံ ချပြရန် စီစဉ်နေကြောင်း သိရသည်။ ''လတ်တလောမှာ အွန်လိုင်းကနေ သီချင်းလေး တစ်ပုဒ်တင်ဖို့ လုပ်နေပါတယ်။ အမျိုးအစားကတော့ ရော့ခ်အင်ရိုးပါပဲ။ သီချင်းကို တေးရေး ကိုရှမ်းလေးက ရေးပေးထားပြီး လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းလေးကို ရေးစပ်ထား တာပါ။ အခု နယ်နဲ့ ရန်ကုန်ရှိုးပွဲတွေမှာ သီချင်းတွေ ဆိုဖြစ်နေပါတယ်'' ဟု သားငယ်က ပြောသည်။

သားငယ်အနေဖြင့် ဒုတိယတေးစီးရီး ခွေအတွက်လည်း  ပြင်ဆင်နေပြီး Myanmar Idol အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်သူ များကိုလည်း ဘက်ပေါင်းစုံမှ ထူးချွန်သော Idol တစ်ယောက် ထွက်ရှိလာရန် မျှော်လင့်နေကြောင်း၊ Myanmar Idol Season-3 တွင် ဧည့်သည် အဆိုတော်အဖြစ် ပါဝင်သီဆိုခွင့် ရမည်ဆိုပါက သီဆိုလိုကြောင်း သိရသည်။

 ''ဒီပြိုင်ပွဲက စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော်ဆိုရင် ဆိုပဲဆိုတတ်တာ။ ထဲထဲဝင်ဝင် သရုပ်ဖော်တာတွေလည်း သိပ်ပြီးမလုပ်တတ်ဘူး။ ဒါကြောင့် အခုတက်လာမယ့် ပြိုင်ပွဲဝင်တွေက သီချင်းဆိုတာ အပြင် အနုပညာကိုပါ တွဲလုပ်နိုင်တဲ့ ဘက်စုံထူးချွန်တဲ့ သူတွေ ဖြစ်စေချင်ပါတယ်'' ဟု သားငယ်ကပြောသည်။

MWD

No comments:

Post a Comment