Myanmar Idol အဆိုပြိုင်ပွဲ အစီအစဉ် တင်ဆက်သူအဖြစ် လူသိများကာ ပရိသတ်အားပေးမှု ရရှိပြီးနောက် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခွင့် ရလာပြီဖြစ်သည့် ကျော်ထက်အောင်က ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများ၌ သရုပ်ဆောင်ရာတွင် စကားပြောခန်းများကို သတိထား ပြောနေရကြောင်း ပြောသည်။
''ကျွန်တော်က MC လုပ်လာတာ ကြာပြီဖြစ်ပေမယ့် စကား အသွားအလာတွေက သရုပ်ဆောင်ဘက်နဲ့ မတူပါဘူး။ သတ်သတ်စီ ပါပဲ။ တစ်ခါတလေ ကျရင် ကျွန်တော် စကားပြောတဲ့ အသံအနိမ့်အမြင့်၊ အတက်အကျတွေက သဘာဝမကျဘူး ဖြစ်နေတယ်။ ကိုယ်က MC လောကက လာခဲ့တာဆိုတော့ စကားလုံးတွေ ကွဲအောင် လုပ်ရပါတယ်။ အထားအသိုတွေက အစ မှန်အောင်လုပ်ရတယ်။ သရုပ်ဆောင်ပညာမှာ ကတော့ မလိုဘူး။ သဒ္ဒါမမှန်လည်း ရတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ အဆင်ပြေ လာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ပါတယ်။ ဇာတ်ကားတွေလည်း အနည်းငယ် ရိုက်ကူးခွင့် ရပြီဆိုတော့ အတွေ့အကြုံတွေ ရလာပါပြီ'' ဟု ကျော်ထက်အောင်ကပြောသည်။
ကျော်ထက်အောင်သည် 5 Network ရုပ်သံလိုင်း၌ တာဝန်ထမ်းဆောင်နေသည့် အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်ပြီး အနုပညာ အသိုင်းအဝိုင်း၌ နာမည်ရလာသူ တစ်ဦးဖြစ်သည့် အပြင် Myanmar Idol အစီအစဉ်တွင် ပိုမိုလူသိများကာ နာမည်ရလာကြောင်း သိရသည်။
MWD
No comments:
Post a Comment