Latest News

Monday, June 18, 2018

၃၅ လမ်း အထက်ဘလောက်၌ နောက်ဖေးလမ်းကြား ဥယျာဉ် ဖွင့်လှစ်

၃၅ လမ်း အထက်ဘလောက်၌ နောက်ဖေးလမ်းကြား ဥယျာဉ် ဖွင့်လှစ်

ရန်ကုန် ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ၃၅ လမ်းအထက်ဘလောက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံရုံး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် တို့အိမ်အဖွဲ့အစည်းတို့ ပူးပေါင်း ဖန်တီး ထားသော နောက်ဖေးလမ်းကြားဥယျာဉ်ကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။

ယင်းလမ်းကြားဥယျာဉ်ကို အမေရိကန်ဒေါ်လာ ၆ဝဝဝ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်းဖြစ် ပြီး နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ အနားယူအပန်းဖြေနိုင်မည်ဖြစ်သည်။

အဆိုပါ ဥယျာဉ်၌ ပန်းချီပုံရိပ်များအနေဖြင့် ၃၅ လမ်းအထက်ဘလောက်နှင့် သက်ဆိုင်သော အကြောင်းအရာများနှင့် ပြည်သူ များစိတ်ဝင်စားမည့်ပုံများကို ထည့်သွင်းရေးဆွဲထားပြီး အပန်းဖြေ အနားယူမည့် သူများအတွက် စိတ်အေး ချမ်းသာစွာ နားနေနိုင်ရန် ဆောင်ရွက်ထားသည်။

 ''လမ်းကြားဥယျာဉ် ရှိသွားပြီဖြစ်လို့ ၃၅ လမ်းအထက်ဘလောက်နဲ့ အဲဒီအနီးအနားက ကလေးတွေအနေနဲ့ ယာဉ်အန္တရာယ်ကင်းစွာ ဆော့ကစားလို့ရအောင် စီစဉ်ပေးထားပါတယ်။ တာဝန်ရှိသူတွေကလည်း ရေရှည် တည်တံ့အောင်ထိန်းသိမ်း စောင့်ရှောက်သွားကြပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

အဆိုပါ ဥယျာဉ်စတင်ဖွင့်လှစ်ခဲ့သော ဇွန် ၁၇ ရက် တွင် နိုင်ငံခြားခရီးသွား ဧည့်သည်များနှင့် ကျောက်တံတားမြို့နယ်၌ နေထိုင်သူတချို့ လာရောက် လေ့လာ အပန်းဖြေခဲ့ကြောင်း သိရသည်။

MWD

No comments:

Post a Comment