Latest News

Monday, June 18, 2018

ဘက်ခမ်းဟာ အကောင်းဆုံးဖခင်ဟု ဗစ်တိုးရီးယားဆို

ဘက်ခမ်းဟာ အကောင်းဆုံးဖခင်ဟု ဗစ်တိုးရီးယားဆို

လတ်တလောကျရောက်ခဲ့တဲ့ အဖေများနေ့မှာတော့ နာမည်ကျော် မော်ဒယ်လ်နဲ့ ဒီဇိုင်နာတစ်ဦးဖြစ်သူ  ဗစ်တိုးရီးယားဘက်ခမ်းက ခင်ပွန်းဖြစ်သူ  ဘောလုံး ကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ ရင်သွေးလေးတွေ အတူရိုက်ကူးထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်မီဒီယာပေါ်မှာ  ဖော်ပြခဲ့ပြီး  ဒေးဗစ်မှာ ကလေးတွေ အတွက် အကောင်းဆုံးဖခင်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့တာဖြစ်တယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတော့ ဗစ်တိုးရီးယားက သူ့ရဲ့အင်စတာဂရမ် စာမျက်နှာပေါ်မှာ  အငယ်ဆုံးရင်သွေးလေးသုံးဦးနဲ့အတူ  ရိုက်ကူးထားတဲ့  ဒေးဗစ်ဘက်ခမ်းရဲ့    ဓာတ်ပုံနဲ့အတူ  ဖခင်များနေ့အထိမ်းအမှတ်အဖြစ် အထက်ပါအတိုင်း  ရေးသားဖော်ပြခဲ့တာပါ။   အဆိုပါကြယ်ပွင့်စုံတွဲဟာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း  ကောလာဟလတွေ  ပြီးခဲ့တဲ့သီတင်းနှစ်ပတ် ခန့်က စတင်ပေါ်ထွက်လာခဲ့ပေမယ့် ကာယကံရှင်တွေက ချက်ချင်းငြင်းဆိုခဲ့ ကြကြောင်းလည်း သိရပါတယ်။ နောက်ပိုင်းမှာလည်း နှစ်ဦးသားအတူတွဲကာ အခမ်းအနားတွေ တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Mirror

No comments:

Post a Comment