Latest News

Monday, June 18, 2018

ဒလန်ရုပ်ရှင် ဇာတ်ကားတွင် ဝါရင့် သရုပ်ဆောင်များနဲ့အတူ အကောင်းဆုံး ကြိုးစားထားတယ်လို့ ဆိုတဲ့ သရုပ်ဆောင် ရွှေသမီး

ဒလန်ရုပ်ရှင် ဇာတ်ကားတွင် ဝါရင့် သရုပ်ဆောင်များနဲ့အတူ အကောင်းဆုံး ကြိုးစားထားတယ်လို့ ဆိုတဲ့ သရုပ်ဆောင် ရွှေသမီး

ဒလန် ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ရွှေသမီးသည် ဝါရင့်သရုပ်ဆောင် များနှင့်အတူ သွက်သွက်လက်လက် နှင့်မိမိကာရိုက်တာကို အကောင်းဆုံး သရုပ်ဆောင်ထားကြောင်း သိရသည်။

ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ရတာကြောင့် အပေးအယူ မျှပါ့မလားလို့ စိုးရိမ်မိပါတယ်။ မကြီးစိုးတို့ ၊ မသက်မွန်တို့နဲ့ဆုံတဲ့ အခန်းတွေမှာ ဆိုရင် ကိုယ်အားကျရတဲ့ အနုပညာရှင်တွေ ဖြစ်တာကြောင့် လုပ်နိုင်ပါ့မလားဆိုပြီး ရင်တုန်ခဲ့ရပါတယ်။ ဒါပေမဲ့ စီနီယာဖြစ်တဲ့ အစ်မတွေက သေသေချာချာ တိုင်တိုင် ပင်ပင်နဲ့ အတူသရုပ်ဆောင်ပေးတာကြောင့် အဆင်ပြေပါတယ်''ဟု ရွှေသမီးကပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)က ပုံဖော်ရိုက်ကူးထားပြီး အကယ်ဒမီ ထွန်းထွန်း၊ ထွန်းကိုကို၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီသက်မွန်မြင့်၊ အေးမြတ်သူတို့နှင့် အတူပါဝင် သ ရုပ်ဆောင်ထားကြောင်း သိရသည်။

''ဒီရုပ်ရှင်ဇာတ်ကားကို ပြင်ဦးလွင်မှာ သွားရိုက်ထားတာပါ။ အခုတော့ရိုက်ပြီး သွားပါပြီ။ ကိုယ်သရုပ် ဆောင်ရ မယ့် ဇာတ်ရုပ်က သွက်သွက်လက်လက် သရုပ်ဆောင်ရတဲ့အတွက် စကားပြောတာကအစ အကောင်း ဆုံး ဖြစ်အောင် ကြိုးစားထားပါတယ်'' ဟု ရွှေသမီးက ပြောသည်။

လက်ရှိတွင် ရွှေသမီးသည် ကြော်ငြာများကို လက်ခံရိုက်ကူးလျက်ရှိပြီး ရုပ်ရှင်ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ရန် ရှိကြောင်း သိရ သည်။

MWD

No comments:

Post a Comment