Latest News

Saturday, June 2, 2018

ဖတ်စရာ မှတ်စရာ မြန်မာဆေးနည်းတို

ဖတ်စရာ မှတ်စရာ မြန်မာဆေးနည်းတို

စာဖတ်ပရိသတ်များ၏ ကျန်းမာရေးကဏ္ဍတွင် အထောက်အကူ ဖြစ်နိုင်စေရန် ခေတ်အဆက်ဆက် အသုံးပြုလာခဲ့သည့် ရိုးရာဆေးနည်းတို(ဆေးမြီးတို)များအကြောင်းကို ရေးသားပြုစုထားသော ဆရာကြည်လွင်မြင့် (မုဒြာ)၏ ''မြန်မာ့ရိုးရာဆေးနည်းတိုကုထုံးများ''စာအုပ်မှ ဆေးနည်းအချို့ကို ဖော်ပြလိုက်ရပါသည် -

ကိုယ်လက်ကိုက်ခဲ

ဥတုအပြောင်းအလဲတွင်ဖြစ်တတ်သည်။ ချင်း၊ ကွမ်းရွက်၊ ထန်းလျက်ပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။

ရေဝဲစားလျှင် -      

တမာရွက်ပြာချ၊ အုန်းဆီဖြင့်လိမ်းပါ။
ရွှေဖရုံရွက်ပြာချ၊ အုန်းဆီဖြင့်လိမ်းပါ။
အပင်တွင် ဝါသွားသောသင်္ဘောရွက် ခြောက်ကို  ပြာချ၊  အုန်းဆီဖြင့် လိမ်းပါ။
ဆေးရွက်ကြီးခြောက် ပြာချ၊ အုန်းဆီ ဖြင့်စိမ်ထားပြီး လိမ်းပေးပါ။
မုန်ညင်းဆီ၊ ပရုတ်ခဲ၊ ပျားဖယောင်းတို့ကိုမီးဖြင့်အပူပေးပြီး လိမ်းဆေးပြုလုပ်ပါ။

အင်ပျဉ်ထလျှင်

ခန္ဓာကိုယ်တွင် အပူငုပ်သောကြောင့် အင်ပျဉ်ဖြစ်သည်။ ပူလိုက်၊ အေးလိုက်ဖြစ်သောရာသီဥတုတွင် အင်ပျဉ်များထွက်တတ် သည်။ သွေးယားသည့်ရောဂါနှင့် ခပ်ဆင်ဆင် ဖြစ်တတ်သည်။
- စန္ဒကူးနီအမှုန့်ကို သနပ်ခါးဖြင့်စပ်လိမ်း လျှင် အင်ပျဉ်ထသက်သာသည်။
- ကုက္ကိုခေါက်ကို  ဆန်ဆေးရည်နှင့်သွေးလိမ်းလျှင် အင်ပျဉ်အယားသက်သာစေသည်။
- သနပ်ခါးအမြစ်တုံးကို   ဆားဖြင့်သွေးလိမ်းပါ။
- နလင်ကျော်ခေါက်ကိုသွေးပြီး ကျောက်ချဉ်ရည်ဖြင့် ရောစပ်လိမ်းပါ။
- ခံတက်ပင်၏အခေါက်ကို   သွေးလိမ်းပါ။
- ဆပ်သွားဖူးပင်၏အမြစ်ကို    ဆားဖြင့် သွေးလိမ်းပါ။
- ကရမက်ကိုသွေးပြီး ရေအေးဖြင့်ရောစပ် လိမ်းပါ။

အအေးပတ်လျှင်

 - ချင်းကို ထန်းလျက်နှင့်ရောပြုတ်ပြီး ပူပူမှုတ်သောက်ပါ။
- ကွမ်းရွက်ကိုရေနွေးစိမ်ပြီး    ပူပူမှုတ် သောက်ပါ။
- လေးညှင်းပွင့်အနည်းငယ်ကို ဝါးစားပြီး ရေနွေးပူပူသောက်ပေးပါ။
- ပရုတ်ဆီကို ကြွေပန်းကန်လုံးတွင်ထည့်၊ ရေနွေးပူပူလောင်းထည့်ပြီး အငွေ့ကိုရှူပေးပါ။

 အအေးပတ်ပြီးခေါင်းကိုက်လျှင်

ချင်းကို ပါးပါးလှီးပြီး နားထင်နှစ်ဖက်တွင်ကပ်ပေးပါ။
- ရေနွေးပူပူတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ကောင်းအနည်းငယ်ထည့်၊ ရှောက်ရွက်အနည်းငယ်ထည့် ဟင်းချို ပြုလုပ်ပြီး ပူပူသောက်ပေးပါ။

အရေပြားရောဂါ

ယားယံခြင်း၊ အဖြူကွက်၊ အနီကွက် ထွက်ခြင်းများကို အရေပြားရောဂါဟုခေါ်သည်။ ကုဋ္ဌနူနာရောဂါကိုလည်း အရေပြား ရောဂါဟုခေါ်သည်။

- ယားယံလျှင် သနပ်ခါးနှင့်ဆားကို သွေးလိမ်းပါ။
- ကြိတ်မှန်ရွက်သတ္တုရည်ကို လိမ်းပေးပါ။
- ကနဖော့ပင်ပြုတ်ရည်ဖြင့် ချွေးအောင်းပါ။ ကနဖော့ပဉ္စငါးပါးသတ္တုရည်တိုက်ပါ။ - တမာရွက်၊ တမာခေါက်ပြုတ်ရည်ဖြင့် ရေချိုးပါ။
- ငုရွက်၊ ငုခေါက်အရည်ညှစ်ပြီး လိမ်းပေးပါ။
- အရေပြားတွင်     အကွက်ထွက်လျှင် ဖွားဖက်တော်ပင်၏အခေါက် သွေးလိမ်းပါ။
- စန္ဒကူးနီအခေါက်ကို    သွေးလိမ်းလျှင် အဖြူကွက်၊ သမင်ကွက်ပျောက်ကင်းစေသည်။  (သမင်ဖြူရက် အကုခက်ဖားဖက်စန္ဒကူးနီ)
- ချေးသီးနှင့်ကလောသီးကို ဆေးဖော်ပြီး အနာကြီးရောဂါကုဆေးအဖြစ် သုံးသည်။

MWD

No comments:

Post a Comment