Latest News

Saturday, June 2, 2018

တောင်ကိုရီးယား အဝတ်အထည် ထုတ်လုပ်ရေး စက်ရုံ မြန်မာနိုင်ငံ၌ တည်ဆောက်မည်

တောင်ကိုရီးယား အဝတ်အထည် ထုတ်လုပ်ရေး စက်ရုံ မြန်မာနိုင်ငံ၌ တည်ဆောက်မည်

ရန်ကုန်   ဇွန်  ၁

တောင်ကိုရီးယား နိုင်ငံရှိ အဝတ်အထည် ထုတ်လုပ်သည့် လုပ်ငန်းဖြစ်သော HANSAEကုမ္ပဏီမှ မြန်မာနိုင်ငံ၌ စက်ရုံ တည်ဆောက် မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါကုမ္ပဏီမှ နာမည်ကျော်အမှတ် တံဆိပ်များဖြစ်သည့် Nike  နှင့် Gap စသည်တို့အတွက် အဝတ်အထည်များ   ထုတ်လုပ် ပေးနေခြင်းဖြစ်ကြောင်း၊ HANSAE ကုမ္ပဏီအနေဖြင့်  ပြည်တွင်း၌ လည်ပတ်နေသည့် စက်ရုံရှိပြီး ဖြစ်သော်လည်း  အရှေ့တောင်အာရှနိုင်ငံများ၌ စက်ရုံ စတင်တည်ဆောက်နိုင်ရန် လုပ်ဆောင်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ဆောက်လုပ်ရေး အစီအစဉ် များနှင့် ပတ်သက်၍ အသေးစိတ်သတင်း ထုတ်ပြန်ထားခြင်း မရှိ သေးကြောင်း သိရသည်။

ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံရခြင်းမှာ  ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်၌  တောင်ကိုရီးယား ကုန်ပစ္စည်းများ၏ ဈေးနှုန်း ယှဉ်ပြိုင် နိုင်စွမ်း လျော့ပါးလာခြင်းကြောင့်ဖြစ်ကြောင်း  သိရသည်။

HANSAE ကုမ္ပဏီကို ၁၉၈၂ ခုနှစ်တွင် စတင် တည်ထောင်ခြင်းဖြစ်ပြီး ဗီယက်နမ်၊ နီကာရာဂွါ၊ ဂွါတီမာလာ၊   အင်ဒိုနီးရှား၊ မြန်မာနှင့်  ဟေတီနိုင်ငံတို့၌ ကော်ပိုရေးရှင်း ၁၇ ခု  တည်ထောင်ပြီးဖြစ်ကြောင်း  သိရသည်။

MWD

No comments:

Post a Comment