''ပင်လယ်ကြီးက ဘာပြောလဲ''ရုပ်ရှင်ဇာတ်ကား ဇွန် ၂၂ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသမည်
ရန်ကုန် ဇွန် ၁၇
ရာမညရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်သည့် ''ပင်လယ်ကြီးက ဘာပြောလဲ''ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇွန် ၂၂ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ အောင်သြဘာက ရိုက်ကူးထားခြင်းဖြစ်ပြီး အပန်းဖြေကမ်းခြေ ဟိုတယ်ကြီးတစ်ခု အတွင်းလာရောက် တည်းခိုကြရာမှ အတူ ဆုံတွေ့ကြပြီး မထင်မှတ်ဘဲ ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေးများ ဖြစ်ပေါ်ခဲ့ပုံနှင့် ဟိုတယ်အတွင်း အဖြစ်အပျက်များ၊ ပင်လယ်ကြီးနှင့် ကမ်းခြေမှ အလှအပ များကို ခံစားနိုင်စေရန် အဓိက အခြေခံ ကာ ရယ်ရွှင်ဖွယ် ရိုက်ကူးထားခြင်း ဖြစ်သည်။
ယင်း ရုပ်ရှင်ဇာတ်ကားကို ခန့်စည်သူ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ဖြိုးငွေစိုး၊ စိုးမြတ်သူဇာ၊ အိချောပို၊ သ္တာဗိုလ်၊ ရတနာဗိုလ်တို့နှင့် အခြား သော အနုပညာရှင်များစွာဖြင့် ပုံဖော် ထားပြီး တစ်မူထူးခြားစွာဖြင့် ရိုက်ကူး ထားသော ဟာသရုပ်ရှင်ဇာတ်ကား ဖြစ်ကြောင်း သိရသည်။
ဒါရိုက်တာ အောင်သြဘာက ''ကျွန်တော်တို့ ရာမညနဲ့ စကားပြောတဲ့ အခါမှာ ပင်လယ်ဟာသကားလေးတစ်ခုခု ရိုက်ချင်တယ်၊ ဟာသတစ်မျိုးတည်း လည်း မဟုတ်တဲ့ ဇာတ်ညွှန်းလေးရိုက်ချင် တယ်ဆိုလို့ ကျွန်တော်တို့ တိုင်ပင်ပြီး ရိုက်ဖြစ်ခဲ့တာပါ၊ ဒီဇာတ်ကားက ဟာသ ကားဆိုပေမယ့် တခြားပညာပေးလေးတွေ လည်း ရှိပါတယ်၊ ဒါပေမယ့် တခြား ပညာ ပေးကတော့ အများကြီးမပါပါဘူး၊ အဓိက ကတော့ လူတွေကို ပျော်ရွှင်စေချင်တယ်၊ ဒီကားလေးကြည့်ပြီးတော့ အမှတ်တရ အနေနဲ့ ပညာလေး နည်းနည်းပါးပါး ရစေချင်တဲ့သဘောလောက်ပါပဲ၊ ဒီကား လေး သွားရိုက်တဲ့ အချိန်တုန်းက နည်းနည်းလေး ဒုက္ခရောက်တယ်၊ ရိုက်တဲ့ ရက်နဲ့ ရတဲ့လူတွေပုံစံနဲ့က နည်းနည်း လေး ကွာဟမှုရှိနေတဲ့အတွက်ကြောင့် ရက် နည်းနည်းလေး$ ကျပ်ကျပ်လေးရိုက် လိုက်ရတယ်၊ အဲဒီလိုဖြစ်တဲ့အတွက် ကြောင့် နေ့တွေ၊ ညတွေ ရိုက်ခဲ့ရတာ ကြောင့် အားလုံးပင်ပန်းကြတယ်၊ ကမ်းခြေမှာ အချို့ပြဿနာလေးတွေနဲ့ လည်း ကြုံခဲ့ရတယ်၊ အဲဒါလေးတွေကို နည်းနည်းလေးရှင်းလင်းပြီး လုပ်ခဲ့ရတာ ကြောင့် နည်းနည်းလေး အချိန်ပေးခဲ့ရ တယ်၊ ကိုယ်လိုချင်သလောက် သိပ်ပြီး တော့ မရခဲ့ပါဘူး၊ ပရိသတ်ရဲ့ အားပေးမှု ကတော့ ပါဝင်ထားတဲ့သူတွေရဲ့ ကြိုးစား ထားမှုအပေါ် မူတည်ပြီးတော့ အားပေးကြ မယ်လို့ မျှော်လင့်ပါတယ်၊ ဟာသမှာက တော့ ဘယ်ဇာတ်လမ်းမှာပဲဖြစ်ဖြစ် သူ့ရဲ့ အတိုင်းအတာတစ်ခုကို ကျော်လွန်သွား မယ်၊ လျော့နည်းနေမယ်၊ သူ့ရဲ့အတိုင်း အတာကို မရောက်ဘူးဆိုရင်တော့ ပရိသတ်က လက်မခံနိုင်ဘူးလို့တော့ ကျွန်တော်မြင်ပါတယ်၊ ဒီကားလေးကို တော့ ကျွန်တော်တို့ အားလုံးကြိုးစားပြီး ပင်ပင်ပန်းပန်း ရိုက်ကူးထားပါတယ်၊ ပရိသတ်တွေကို ပျော်ရွှင်မှုဖြစ်ဖြစ် ၊ ရသ တစ်ခုခုဖြစ်ဖြစ်ပေးနိုင်မယ်လို့ မျှော်လင့် တဲ့အတွက် ပရိသတ်တွေအနေနဲ့ လာရောက်ကြည့်ရှုစေချင်ပါတယ်၊ ဇွန် ၂၂ ရက်မှာ ရုံတင်မှာပါ''ဟု ပြောသည်။
သရုပ်ဆောင် ထွန်းထွန်းက ''ဒီဇာတ်ကားလေးကတော့ အချစ် ဇာတ်လမ်းဆန်တဲ့ ဟာသကားလေးပါ၊ ဇာတ်လမ်းထဲမှာတော့ ကျွန်တော်က သီချင်းဆိုတဲ့ ချာတိတ်ပါ၊ MTV လာရိုက်ရင်းနဲ့ ကမ်းခြေကို ရောက်လာ တာပေါ့၊ ချောင်းသာမှာ သွားပြီး ရိုက်ကူး ထားတာပါ၊ ၂ဝ၁၅ ဒီဇင်ဘာလောက်က ရိုက်ခဲ့တာလို့ ထင်တယ်၊ မှတ်မှတ်ရရ အနေနဲ့ကတော့ ရိုက်နေရင်းနဲ့လည်း တော်တော်ပျော်ပါတယ်၊ ဖြိုးငွေစိုးဆိုရင် သူသားလေးလည်းပါတော့ သူ့သားလေး နဲ့လည်း ဆော့ကစားဖြစ်ပါတယ်၊ ပင်လယ် ဇာတ်လမ်းဖြစ်တဲ့အတွက် ဇာတ်လမ်း ထဲမှာပါတဲ့ ဇာတ်ကောင်စရိုက်အတိုင်းပဲ ရိုက်ကူးခဲ့တာပါ၊ အထူးတော့ ပြောစရာ မရှိပါဘူး၊ ရိုက်ကူးတဲ့ အခါမှာတော့ ကျွန်တော့်ကြောင့်ပဲ တခြားသူတွေ အခက်အခဲရှိမှာကို စိတ်ပူခဲ့တာပါ၊ ကျွန်တော့်အတွက်ကတော့ ဝါရင့်သရုပ် ဆောင်တွေနဲ့ ရိုက်ကူးရတဲ့အတွက် ကျေနပ်ပါတယ်၊ ဒီဇာတ်ကားမှာ အဆိုတော်တစ်ယောက်အနေနဲ့ သရုပ် ဆောင်ခဲ့ရတယ်၊ ယေဘုယျအားဖြင့် တော့ အခက်အခဲမရှိခဲ့ပါဘူး၊ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေးအယူ မျှဖို့အတွက်တော့ အများကြီးကြိုးစား ခဲ့ရပါတယ်၊ ဒါရိုက်တာရဲ့ òန်ကြားမှု အတိုင်း လုပ်ခဲ့တဲ့အတွက် ကျွန်တော် ကတော့ ကျေနပ်ပါတယ်၊ ဒီကားလေးက ဟာသကားဖြစ်တဲ့အတွက် ကြည့်ရှု အားပေးဖို့ ဖိတ်ခေါ်ပါတယ်၊ ဘဝအမော တွေ ပြေဖို့အတွက် ကျွန်တော်တို့ ကြိုးစား ထားပါတယ်''ဟု ပြောသည်။
သရုပ်ဆောင် အိချောပိုက ''ဒီဇာတ်ကားက ရိုက်ထားတာလည်း တော်တော်ကြာပါပြီ၊ ဒီကားလေးမှာ သရုပ်ဆောင်တွေလည်း အများကြီးပါ တယ်၊ ကိုယ်ပါဝင်တဲ့အခန်းကဏ္ဍအတွက် ကတော့ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ထားပါတယ်၊ ဇာတ်ကား ထဲမှာ ရွှေစင်ဆိုတဲ့ မော်ဒယ်မင်းသမီး ဇာတ်ကောင်တစ်ယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့တာပါ၊ ကမ်းခြေမှာ သွားရိုက်ထားတဲ့ ဇာတ်ကားလေးဖြစ်လို့ ရိုက်တဲ့အချိန်တုန်းက တော်တော်ပျော် ပါတယ်၊ သရုပ်ဆောင်တွေ များတော့ ပိုပြီးပျော်ဖို့ကောင်းပါတယ်၊ အမှတ်တရ ဆိုရင်တော့ ကိုယ့်ကြောင့်မဟုတ်ပေမယ့် ဇာတ်ကားထဲမှာပါတဲ့ မမျိုးမျိုးခိုင်ဆိုရင် မြင်းကိုက်ခံရတယ် အဲဒီလို ဟာသလေး တွေ ဖြစ်ခဲ့တာတွေတော့ရှိပါတယ်''ဟု ပြောသည်။
သရုပ်ဆောင် သ္တာဗိုလ်က ''ဒီဇာတ်ကားမှာတော့ ကိုခန့်ကို တစ်ဖက်သတ်ကြိုက်တဲ့ ဇာတ်ကောင်ပုံစံ သရုပ်ဆောင်ထားတာပါ၊ ဒီကားလေး ရိုက်ထားတာ သုံးနှစ်လောက်ရှိပြီဆိုတော့ ညီမရဲ့ လိုအပ်ချက်တွေလည်း အများကြီး ရှိပါတယ်၊ သည်းခံပြီး ကြည့်ပေးပါလို့ ပြောချင်ပါတယ်၊ ဇာတ်ကားမှာ ပါဝင်တဲ့ သူတွေအားလုံးက ညီမကို သည်းခံပြီး ရိုက်ပေးကြပါတယ်၊ မကြီးစိုးနဲ့ ရန်ဖြစ်တဲ့ ဇာတ်ဝင် ခန်းမှာဆိုရင်လည်း ကိုယ့်ထက် ဝါရင့်တဲ့သူလည်းဖြစ်၊ ကိုယ့်ထက် အကြီး လည်း ဖြစ်တဲ့အတွက် အလွန်လည်း အားနာတယ်၊ ကြောက်စိတ်တွေ ဖြစ်နေခဲ့တာလည်း ရှိခဲ့တယ်၊ ဒါပေမယ့် မကြီးစိုးတို့က သည်းခံပြီးရိုက်ပေးခဲ့ပါ တယ်၊ စိတ်ရှည်လက်ရှည်လည်း သင်ပေး ကြပါတယ်၊ အရပ်ရှည်တဲ့အတွက် ရိုက်တဲ့အခါမှာတော့ အခက်အခဲ အနည်းငယ်ရှိတာကြောင့် အမြဲတမ်း ဖိနပ်အပါးလေးတွေပဲ စီးပါတယ်၊ ဝါရင့် သရုပ်ဆောင်တွေနဲ့ ရိုက်ရတဲ့အတွက် အတွေ့အကြုံတွေလည်း အများကြီးရပါ တယ်၊ ဒီဇာတ်ကားထဲမှာ အမှတ်တရ အနေနဲ့ကတော့ ဂေါက်သီးမှန်သွားတာ ရှိမယ်၊ ပြီးတော့ မကြီးစိုးနဲ့ ရန်ဖြစ်တာ လေးတွေက အမှတ်တရရှိခဲ့ပါတယ်၊ ပါဝင်သရုပ်ဆောင်ထားတဲ့ သူတွေ အားလုံးက ဇာတ်ကောင်စရိုက်တစ်ခုစီ ရှိတဲ့အတွက်ကြောင့် အကုန်လုံးနီးပါး တစ်ယောက်ကို တစ်မျိုးစီ ရယ်ရပါတယ်၊ ဒါပေမယ့် ဒီကားကို ပြန်ကြည့်တဲ့အခါမှာ ညီမကိုယ်တိုင် အားမရသေးပါဘူး၊ လိုအပ်ချက်တွေ ရှိသေးတယ်ဆိုတာကို တွေ့ရပါတယ်၊ ပရိသတ်တွေအနေနဲ့လည်း အပန်းဖြေတဲ့ သဘောနဲ့ဖြစ်ဖြစ်၊ ဘဝ အမောတွေ ပြေစေဖို့ပဲဖြစ်ဖြစ် ဒီကား လေးကို လာရောက်ကြည့်ရှုပါ၊ ညီမရဲ့ လိုအပ်ချက်တွေရှိရင်လည်း သည်းခံပြီး တော့ ကြည့်ရှုပေးပါလို့ ပြောချင်ပါတယ်၊ နောက်ထပ်လည်း ရုပ်ရှင်ကားကြီး လေးကားရိုက်ထားတာရှိပါတယ်၊ အဲဒါ တွေကတော့ အခု ရုံမတင်သေးပါဘူး၊ ကျောက်သင်ပုန်းပေါ်က ကလေး လက်ရေးရယ်၊ အလှည့်ဆိုတဲ့ ကားရယ်၊ ရေမီးအစုံနဲ့ လေထီးခုန်ချသူများရယ်၊ အဝေးချစ်ဆိုတဲ့ ကားတွေဖြစ်ပါတယ်၊ အဲဒီ လေးကားမှာဆိုရင် ဟာသဘက် တော့ မဟုတ်တော့ပါဘူး၊ အချစ်ကား လေးတွေလည်း ပါပါတယ်'' ဟု ပြောသည်။
ဇာတ်လမ်းအကျဉ်း အနေဖြင့် လူငယ်လုပ်ငန်းရှင် ''ဧကရာဇ်'' သည် လုပ်ငန်းတိုးချဲ့သည့်အနေဖြင့် ကမ်းခြေ ဟိုတယ်တစ်လုံးကို ဝယ်ယူခဲ့သည်။ ပိုင်ရှင် အသစ် မည်သူမှန်းမသိစေဘဲ ဖုံးကွယ် ထားကာ ဧည့်သည်တစ်ယောက် အနေ ဖြင့် ဟိုတယ်သို့ သွားရောက်တည်းခိုနေ ခဲ့သည်။ တည်းခိုရင်းဖြင့် ဟိုတယ်ဝန်ထမ်း များ၏ လုပ်ငန်းဆောင်ရွက်နေမှု အရည် အချင်း၊ ဧည့်သည်များ၏ လိုအပ်ချက်၊ ဖြည့်ဆည်းပေးရမည့် တာဝန်များကို လေ့လာစုံစမ်းနေခဲ့ရာ ဟိုတယ်မန်နေဂျာ ''သွင်ဦး''နှင့် ဧည့်ဆောင်၊ စားသောက် ဆောင်တာဝန်ခံ ''ပိုက်ထွေး'' တို့မှာ လုပ်ငန်းကျွမ်းကျင်ပြီး အလုပ်အပေါ် စေတနာထား ကြိုးစားသည်ကို တွေ့ခဲ့ ရသည်။
သို့သော် မမျှော်လင့်ဘဲ ပြဿနာ တစ်ရပ် ပေါ်ပေါက်လာသည်။ ဟိုတယ် အတွင်း၌ ခေါင်းပြတ်သရဲတစ်ကောင် ပေါ်လာခြင်းဖြစ်ပြီး ဧည့်သည်များကို ခြောက်လှန့်ရုံမက စားသောက်ဖွယ်ရာ များနှင့် ပစ္စည်းအချို့တို့ ပျောက်ဆုံးသွား ခြင်းများ ဖြစ်ပေါ်ခြင်း၊ စိတ်ရောဂါ ဝေဒနာ ရှင် ကျောက်သူဌေးလေး ''နွေကင်း''၊ ဟိုတယ်တစ်လုံးဖွင့်နိုင်ရန် လာရောက် တည်းခိုလေ့လာနေသူ ''ယမထာ''၊MTV ရိုက်ကူးရန် ရောက်ရှိလာသည့် ရက်ပါအဆိုတော် ''အောင်ဘီ (အောင်B) '' နှင့် မော်ဒယ် ''ရွှေစင်''၊ ရွှေစင်နှင့်အတူပါရှိလာသည့် ညီအစ်မ ဝမ်းကွဲတော်စပ်သူ ''သီသီ''နှင့် မိတ်ကပ် ''မာမီလျံ''၊ နိုင်ငံခြားတွင် ပိုက်ဆံရှာပြီး လာရောက်အပန်းဖြေနေသူ ''ဝေလင်း နှင့် သိန်းသန်း''၊ ဟိုတယ်လုံခြုံရေး ''ကိုတောက်''၊ ဟိုတယ်လုံခြုံရေးကို ပေါင်းကာ ဟိုတယ်အတွင်း အကင်ဝင် ရောင်းလေ့ရှိသည့် ''စပ်စုစိန်'' တို့၏ ဟိုတယ်အတွင်း အဖြစ်အပျက်များ၊ ခေါင်းပြတ်သရဲခြောက်ခံရသည့် အဖြစ် အပျက်များ၊ တန်ဖိုးကြီးကျောက်တစ်လုံး အလိမ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်မှုများနှင့် မိမိချစ်နေသည့် သူထံမှ အချစ်ကိုရရှိရန် ကြိုးစားကြရာမှ ဖူးစာရှင်များနှင့် တွေ့ရှိကြပုံများကို အခြေခံကာ ပျော်ရွှင်ဖွယ်ဖြစ်အောင် ရိုက်ကူးထားသည့် ဇာတ်ကားကောင်း တစ်ကား ဖြစ်သည်။
သတင်း-ဇော်ကြီး၊ဓာတ်ပုံ-ဇော်မင်းလတ်
Monday, June 18, 2018
''ပင်လယ်ကြီးက ဘာပြောလဲ''ရုပ်ရှင်ဇာတ်ကား ဇွန် ၂၂ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသမည်
''ပင်လယ်ကြီးက ဘာပြောလဲ''ရုပ်ရှင်ဇာတ်ကား ဇွန် ၂၂ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသမည်
Reviewed by Ar Ti
on
11:32 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment