Latest News

Tuesday, June 19, 2018

မွေးနေ့သစ်ပင်စိုက်ပွဲမတက်ရောက်ခဲ့ရတဲ့အကြောင်းမြောင်းမြတိုင်းဒေသကြီးလွှတ်တော်အမတ်ဒေါ်ခိုင်ဇင်ဦးရေးတဲ့စာ



တကယ်ဆို...
ဒီနေ့ အမေစုမွေးနေ့မှာ
တနိုင်ငံလုံး သစ်ပင်စိုက်ကြတယ်
သစ်တောဦးစီးဌာနကဦးဆောင်လုပ်တယ်
ဌာနတွေကို ဖိတ်ဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပေါင်းစပ်ဆောင်ရွက်ရတယ်၊
ဒါကထုံးစံအတိုင်းကိုပြောတာ...
ဒီနေ့ ကျမတို့မြောင်းမြမှာ အမေ့မွေးနေ့သစ်ပင်စိုက်ကြတယ် ကိုယ်စားလှယ်တွေ မသိအောင်
မပါအောင်လုပ်ထားတယ်၊ဘယ်သူကတာဝန်ရှိတယ်တော့မသိဘူး...
ဘာမှ အကြောင်းမကြားဘူး မဖိတ်ဘူး....
အကြောင်းမသိတဲ့လူက ကိုယ်စားလှယ်တွေ အမေစုအပေါ်မှာတောငိမလေးစားဘူး မထီမဲ့မြင်ပြုတယ်လို့အထင်ခံရအောင် လုပ်လိုက်သလို ခံစားရတယ်....
ထွေ/အုပ်ကိုမေးတော့ သစ်တော...
သစ်တောကပြောတော့ ဖိတ်ကြားရေးကသူတို့လုပ်တာမဟုတ်ဘူးတဲ့...
ဘော်လီဘော ကစားသမားတွေလားမှတ်ရတယ်...
သစ်ပင်စိုက်ပွဲတက်ကြတဲ့ဌာနအချို့ကိုမေးတော့ ထွေအုပ်ကဖိတ်တာပါတဲ့...
ကျမနဲ့ပြည်သူကို ထင်ယောင်ထင်မှားဖြစ်အောင် ဘယ်လိုလုပ်လုပ် ကျမကတော့ရှင်းတယ် လုပ်စရာရှိတာကို နေ့စဉ်လုပ်နေတာပြည်သူသိတယ်...
အမေ့မွေးနေ့မှ မဟုတ်ဘူး နေ့စဉ်အလုပ်တိုင်းက အမေ့အတွက်မွေးနေ့လက်ဆောင်တွေချည်းပဲဆိုတာ ... ပြောပြီးသား...

ဒီနေ့
မနက်မိုးလင်းတာနဲ့
ပြည်သူ့ဆေးရုံ ဆေးဝယ်ယူဖို့တင်ဒါခေါ်ယူပွဲတက်တယ်...
ပြီးတာနဲ့စီမံကိန်းအစည်းအဝေး လုပ်ငန်းခေါင်းစဉ်ပြောင်းအတွက် ဆက်တက်တယ်...
၁၅မိနစ် ထမင်းကို အမြန်စားလို့
လမ်းဦးစီးနဲ့ အလုပ်တွေဆက်လုပ်နေတယ်
(မိုးထဲရေထဲမှာ)
ကဲ....
အမေစုမွေးနေ့ ....
ကျမကို သစ်ပင်စိုက်တာလေးတောင် လာမလုပ်ပေးသယောင် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တတ်တဲ့သူတွေ ကိုရော
ကျမ ပြည်သူများအားလုံးသိအောင်ပါ...
ကျမ ဒီနေ့ဘာတွေ လုပ်ခဲ့တယ်ဆိုတာ တင်ပြပေးလိုက်တယ်...
ဒေါ်ခိုင်ဇင်ဦး

No comments:

Post a Comment