Latest News

Monday, June 18, 2018

မြောင်းမြတွင် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိရောင်းချ သုံးစွဲသူ(၂)ဦး ဖမ်းဆီးရမိ

မြောင်းမြတွင် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိရောင်းချ သုံးစွဲသူ(၂)ဦး ဖမ်းဆီးရမိ

မြောင်းမြ ဇွန် ၁၈

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ဇွန် (၁၇)ရက် ည(၈း၀၀) နာရီခန့်၌ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိ ရောင်းချသူ(၂)ဦးအား သက်ဆိုင်ရာမှ ဖမ်းဆီးထားရှိခဲ့သည်။
 ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးများ နေအိမ်တွင် သုံးစွဲရောင်းချနေကြောင်း သတင်းအရ မှုခင်းနှိမ်နင်းရေးအဖွဲ့များ၊နယ်ထိန်းခေါင်းဆောင်နှင့်အဖွဲ့များ၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့ပူးပေါင်းကာ မြောင်းမြမြို့ အမှတ်(၂)ရပ်ကွက်၊ အနောက်စံပြ(၃)လမ်းနေ ဦးဝေယံပိုင်(၂၀-နှစ်၊)နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဦးဝေယံပိုင်အား WY စာတန်းပါ မူးယစ်ဆေးပြား(၁၀၀)ပြားနှင့်အတူ ဖမ်းဆီးရမိပြီး မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ်ပစ္စည်းနှင့်အခြားသက်သေခံပစ္စည်းများပါ ထပ်မံ သိမ်းဆည်းခဲ့သည်။

 ဆက်လက်၍ အမှုကိုစစ်ဆေးရာတွင် ဦးဝေယံပိုင်သည် အဆိုပါမူးယစ်ဆေးဝါးများကို မြောင်းမြမြို့နယ် မြကန်သာရပ်ကွက်၊ မြသာယာပန်းတောက်လမ်း တွင်နေထိုင်သူ စထွဋ်အောင်ဝေ(၂၄နှစ်)ထံမှ ဝယ်ယူခဲ့ကြောင်း ဖော်ထုတ်ရာ သက်ဆိုင်ရာမှ စတင်ထွဋ်ဝေ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ပြီး ၄င်း၏နေအိမ်အနောက်ဖက်တွင် ကော်ဗူးဖြင့်ထည့်ထားသော WYစာတန်းပါ ဆေးပြား(၅၀)ပြား၊ ဆက်စပ် ပစ္စည်းများနှင့်အတူ တရားခံ စထွဋ်အောင်ဝေအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

 အဆိုပါ အမှုကို မြောင်းမြမြို့မ ရဲစခန်း၊ တာဝန်ကျတာဝန်မှုးမှ ဦးဝေယံပိုင်အား မယ(ပ)၁/၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀ ဖြင့်လည်းကောင်း၊ စထွဋ်အောင်ဝေအား မယ(ပ)၂/၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က) ဖြင့်လည်းကောင်း  တရားခံ(၂)ဦးအား အမှုဖွင့်ခဲ့၍ အမှုအားအမြန်ဆုံး တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက် (မြောင်းမြ ပြန်/ဆက်)

No comments:

Post a Comment