Latest News

Saturday, June 16, 2018

ခေါင်းဆောင် ကင်ဂျုံအန်အနေဖြင့် တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ရန် သမ္မတ ထရန့်က ဖုန်းနံပါတ်ပေးခဲ့ဟုဆို

ခေါင်းဆောင် ကင်ဂျုံအန်အနေဖြင့်
တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ရန် သမ္မတ ထရန့်က ဖုန်းနံပါတ်ပေးခဲ့ဟုဆို

ဝါရှင်တန်  ဇွန်  ၁၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က   မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်အား  နှစ်နိုင်ငံအရေးကိစ္စရပ် များကို နှစ်ဦးသား  တိုက်ရိုက်ပြောဆိုဆက်သွယ်နိုင်ရန် ရည်ရွယ်ပြီး ဖုန်းနံပါတ်ပေးခဲ့သည်ဟု သမ္မတ ထရန့်က ယနေ့ ပြောကြားခဲ့သည်။

နှစ်နိုင်ငံအရေးကိစ္စတစ်ခု     ပေါ်ပေါက်ပါက ခေါင်းဆောင်နှစ်ဦး အပြန်အလှန် ဖုန်းခေါ်ယူနိုင်သည်ဟု သမ္မတ ထရန့်က   ဖောက်စ်နယူးစ်သတင်းအေဂျင်စီနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဇွန် ၁၇ ရက်တွင် မြောက်ကိုရီးယားနိုင်ငံသို့ ဖုန်းခေါ် ဆိုရန် စီစဉ်ထားကြောင်း သမ္မတ ထရန့်က  ဆိုသည်။    သို့သော် သူဖုန်းခေါ်ဆိုမည့်သူမှာ မည်သူမည်ဝါဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းမရှိပေ။

ဇွန် ၁၂ ရက်တွင် သမ္မတ ထရန့်နှင့် ခေါင်းဆောင် ကင်ဂျုံအန်တို့ လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲကြေညာချက် တွင် ကိုရီးယားကျွန်းဆွယ်ဒေသတွင်း  နျူကလီးယား လက်နက် ကင်းစင်ပပျောက်စေရေးအတွက် ပြုံယမ်းက ကတိပြုခဲ့ကြောင်း  ပါရှိသည်။   အပြန်အလှန်အားဖြင့် အမေရိကန်နိုင်ငံက  မြောက်ကိုရီးယားနိုင်ငံ    လုံခြုံ ဘေးကင်းရေးအတွက် တာဝန်ယူပါကြောင်း ကတိပြုခဲ့ သည်။                                  

Mirror

No comments:

Post a Comment