Latest News

Tuesday, June 12, 2018

ကော့ကရိတ်မြို့တွင် ရွှေဆိုင်အနုကြမ်းစီးကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား (၃၆)နာရီအတွင်း ဖမ်းဆီးရမိ

ကော့ကရိတ်မြို့တွင် ရွှေဆိုင်အနုကြမ်းစီးကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား (၃၆)နာရီအတွင်း ဖမ်းဆီးရမိ


ကော့ကရိတ် ဇွန် ၁၂

ကော့ကရိတ်မြို့ရှိ ဖြူစင်သန့်ရွှေဆိုင်အား ဝင်ရောက်အနုကြမ်းစီးပြီး ပိုင်ရှင်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှု ဇွန် ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် ကျူးလွန်သူအား ဥပဒေအရ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာ ပြစ်မှုကျူးလွန်သူ ကော့ကရိတ်မြို့နယ်၊ ဆိပ်ဖူးကုန်းကျေးရွာနေ အလား (ခ) ကျင်ဦး (ခ) ဆိပ်ဖူးကုန်း (ခ) အောင်ကျင်သိန်းအား ၃၆ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အလား (ခ) ကျင်ဦး (ခ) ဆိပ်ဖူးကုန်း (ခ) အောင်ကျင်သိန်းအား ဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment