Latest News

Tuesday, June 12, 2018

မဲခွဲတိုင်း ပယ်မဲအမြဲတမ်းပါခြင်းသည် လွှတ်တော်ကို စော်ကားရာရောက်ကြောင်း စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဌ သတိပေး

မဲခွဲတိုင်း ပယ်မဲအမြဲတမ်းပါခြင်းသည် လွှတ်တော်ကို စော်ကားရာရောက်ကြောင်း စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဌ သတိပေး
Photo Crd

    စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် မဲခွဲဆုးံဖြတ်သည့်အခါတိုင်း ပယ်မဲ ပါနေခြင်းသည် လွှတ်တော်ကို စော်ကားရာ ရောက်ကြောင်း လွှတ်တော်ဥက္ကဌ ဦးသန်းက ဇွန်၁၁ ရက်တွင်ပြုလုပ်သည့် ၁၄ ကြိမ်မြောက် တိုင်းဒေသကြီးလွှတ်တော် ၁၅ ရက်မြောက်နေ့တွင် ပြောကြားလိုက်သည်။

     လျှို့ဝှက် စနစ်ဖြင့် မဲပေးစေသည့်အကြိမ်တိုင်း ဆန္ဒ မဲ လက်မှတ်တွင်  ထောက်ခံ၊ကန့်ကွက် ၊ကြားနေဟူသော နေရာသုးံနေရာစလုးံအား အမှန်ခြစ် ခြစ်၍ ပေးသော မဲတစ်မဲမှာအမြဲပါနေ၍ လွှတ်တော်ဥက္ကဌ ပြောဆိုလိုက်ခြင်းဖြစ်သည်။

       “ဘယ်အကွက်ကိုမှ ဆန္ဒမပြု  ပဲ သုးံကွက်စလုးံကို ရေးခြစ်ထားတာတွေ့ရပါတယ်၊ဒါဟာ ဒီကိုယ်စားလှယ်ဟာကျွန်တော်တို့မဲပေးတဲ့အကြိမ်တိုင်းမှာ ဒီလို တစ်မဲတစ်မဲတွေ့နေရပါတယ်၊မဲမပေးတက်လို့ဒီလိုလုပ်တယ်လို့ လက်မခံပါဘူး၊ဒါဟာတမင် ရည်ရွယ်ချက်နဲ့လုပ်တယ်လို့ပဲ ကျွန်တော် နားလည်ပါတယ်၊အဲဒီတော့ဒါဟာ လွှတ်တော်ကို စော်ကားရာရောက်ပါတယ်၊ ကိုယ်စားလှယ်တော်ကြီးများကို မေတ္တာရပ်ခံချင်တာက ဆန္ဒမဲပေးတဲ့အခါ မိမိလွှတ်လပ်တဲ့သဘောဆန္ဒကိုဖော်ထုတ်ခွင့်ရှိပါတယ်၊ပေးရမယ့်တစ်နေရာတည်းကိုပဲ ထောက်ခံသည်ဖြစ်စေ၊ကန့်ကွက်သည်ဖြစ်စေပေးရမှာပါ၊ဒီလိုပုံစံကြီးကိုနောက်ထပ်မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဥက္ကဌ ကပြောသည်။

     စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် မြို့နယ် ၃၇ မြို့နယ်မှ  ရွှေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၇၅ ဦး ၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးပါဝင်သည်။ ၄င်းတို့ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၆၉ ဦး၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ၂ ဦး၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ကိုယ်စားလှယ် (၄)ဦးတို့ ပါဝင်ကြသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment