နေပြည်တော်၊ ဇွန် ၁၂
၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်သူရ သည် စခန်း၌ရှိနေစဉ် ဇွန်လ ၁၀ ရက်နေ့ Facebook စာမျက်နှာပေါ်တွင် “Breaking New မောင်တောည ၁၀၁၅ အချိန် မောင်တောအနည်းဆုံး (၁၀)ဦး သေဆုံး၊ ကုလားအကြမ်းဖက်သမားများ ကျီးကန်ပြင်အနီး လာရောက်တိုက်ခိုက်သည့်အတွက် အပြန် အလှန်ပစ်ခတ်သံများဆူညံနေ -----၊ လတ်တလောသိရှိမှုအရ အနည်းဆုံး(၁၀)ဦးသေဆုံး၊ အကြောင်းဆုံး ထပ်မံတင်ပြပါမည် “ ” မောင်တော အင်းဒင်စခန်းကို အကြမ်းဖက်သမားများလာရောက်ပစ်ခတ်၊ အနည်းဆုံးရဲတပ်ဖွဲ့ဝင်(၄)ဦးသေဆုံး “ ” ရည်းစားနဲ့ရန်ဖြစ်လို့ တင်ချင်တာတင်တယ်၊ အကောင့် ဖျက်တော့မှာမို့ အမှတ်တရပေါ့” ဟု စသည်ဖြင့် မဟုတ်မမှန်သတင်းများအား ဓာတ်ပုံနှင့်တကွ Myat Thu Tun Account ဖြင့် ရေးသားလွှင့်တင်ထားကြောင်း တွေ့ရှိရသည့်အတွက် အကောင့်ပိုင်ရှင်အား စုံစမ်းရာ ရေးသားတင်လွှင့်သူ အကောင့်ပိုင်ရှင်မှာ မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်နေ ဖိုးသီဟ (ခ)မြတ်သူထွန်း(၃၄)နှစ် နေသူဖြစ်ကြောင်း သိရှိရ၍ Facebook Account ဖြင့် ပြည်သူလူထု အထင် အမြင်လွဲမှားစေရန်နှင့် ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးအဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ပြီး မဟုတ်မမှန်သတင်းများအား ဓာတ်ပုံနှင့်တကွ ရေးသားလွှင့်တင်ခဲ့သူ ဖိုးသီဟ(ခ) မြတ်သူထွန်း အား အရေးယူပေးရန်တိုင်တန်းချက်အရ မြောက်ဦးမြို့မရဲစခန်း(ပ)၉၂/၂၀၁၈၊ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၈(က)ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment